Hi အမျိုးတွေ ဒီနေ့ညတော့ ကျွန်တော်
Tutorial တစ်ခု share ပေးလိုက်ပါသည်။
ဒီ Tutorial ကတော့ Networking,
Network Automation, Linux base
Web server,SQL Server,
Linux Server Administration တွေ
Lab တွေလုပ်ဖို့အတွက် အရမ်းမိုက်တဲ့
Server လေးလို့ပြောရင်မမှားဘူးဗျာ။
ကျွန်တော်တို့ 2015-2016 ခုနှစ်ဝန်းကျင်
လောက်မှာ စသုံးလာခဲ့တဲ့ EVE-ng ကို
အခုအချိန်မှာ Networking Lab တွေ
လုပ်နေတဲ့သူတွေက မသိတဲ့သူ မရှိ
သလောက်ဖြစ်နေပြီလို့ ပြောလို့ရပါသည်။
Networking သမား တစ်ယောက်ဖြစ်ပြီ
EVE-ng ကို သေချာ မသုံးဖူးဘူးဆိုရင်
နတ်ပြည် မရောက်ဖူးတဲ့ သူလို့တောင်
ပြောလို့ရပါသည်။ 😀 😀 ဘာကြောင့်
ဒီလိုပြောသလဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေက
Cisco ကို CCIE အထိ Lab Examတွေ
အောင်သွားတဲ့ ညီအကိုတွေတိုင်း
EVE-ng ထဲ့မှာပဲ Enterprise Level
Lab တွေ လုပ်သွားတာ
ကျွန်တော် ခဏခဏသတိထားမိလို့ပါ။
ကျွန်တော် အခု Tutorial ထဲ့ Sharing
လုပ်ပေးမယ့် PNETLab က တော့ EVE-ng
ကို Upgrade လုပ်ပြီ ပြန် Develop
လုပ်ထားပြီ လုံးဝကို Free Platform
အဖြစ် ပြန်ထုတ်ထားတဲ့သဘောပါ။
PNETLab ကို ကျွန်တော် အခုမှ
ပြောပြဖြစ်ပေမယ့် သိတဲ့
နည်းပညာသမားတွေကတော့
သိနေလောက်ပါပြီ၊
ကျွန်တော် အခု Share ပေးတာ
မသိသေးသူအတွက်ပေါ့ဗျာ။
PNETLab ကို စသုံးမယ့်သူတွေက
EVE-ng ကို ရင်းနှီးပြီးသားဆိုရင်တော့
PNETLab ကို တန်းသုံးဖို့ အဆင်ပြေပါသည်။
EVE-ng က Community Version က
Free ပေးထားတာြဖစ်ပြီ၊ Professional
Version ကတော့ ဝယ်သုံးရတာမျိူးပါ။
EVE-ng ကို ကျွန်တော်တို့ ကသုံးလာတာ
၆နှစ်လောက်တောင်ဖြစ်လာတော့
နောက်ပိုင်း Version အသစ်ကို အသုံးပြု
ချင်တာကြာပြီ၊ EVE-ng Version
အသစ်လိုမျိုး Lab စမ်းဖို့
ကျွန်တော် လိုက်ရှာရင်းနဲ့
အခု PNETLab ကို
တွေ့ပြီ စမ်းသုံးမိတာဖြစ်ပါသည်။
အခု PNETLab က
EVE-ng ကို Professional Version
အတိုင်း Free ပြန်သုံးလို့ရအောင်
Develop လုပ်ထားတာမျိုးပါ။
Device တွေကတော့
ကိုယ်ဟာကိုယ့် တစ်ခုဆီ
ပြန် ထည့်ရမှာဖြစ်ပါသည်။
ကျွန်တော်တို့ EVE-ng မှာ
Lab စမ်းဖို့ Router,FW ,
Server တွေကိုသီးသန့်
Console App တွေ
ဖြစ်တဲ့ Secure CRT,XShell
စတာ တွေပြန်သုံးရတာတွေ
ရှိပါသည်။ဘာ‌ကြောင့်သုံးရသလဲ
ဆိုတော့ Cli Command တွေကို
စာ သင်တာပဲဖြစ်ဖြစ်၊ Lab စမ်းတာ
ပဲဖြစ်ဖြစ် Fonts Size ကို Customize
လုပ်ဖို့ သုံးကြတာဖြစ်ပါသည်။
အခု PNETLab မှာတော့
Defalut Console အပြင်
HTML Console တွေ ပါလာတော့
Lab စမ်းရင် Device တွေကို
တစ်ခြား Console App တွေ
ထပ်သုံးစရာမလိုပဲ Fonts Size
တွေ ကိုသေချာ လုပ်ထားပေးတော့
အရမ်းအဆင်ပြေပါသည်။
EVE-ng, အခု PNETLab တို့က
လွယ်လွယ်ပြောရရင် Ubuntu
ပေါ်မှာ Customize လုပ်ထားတဲ့
Hypervisor တွေပါပဲဗျာ။
အခု PNETLab မှာ သူတို့ရဲ့
Repo ကနေ linux server image
တွေကို Docker image ပုံစံမျိုး
ပြန်ချထားတာတွေ ပါလာတော့
Linux Server Administration,
SQL, Web Server,
Network Automation တွေ
Lab လုပ်ဖို့အတွက် image တွေကို
တန်း Download လုပ်ပြီ
အသုံးပြုလို့ရပြီဗျာ။
ဒီ တစ်ခုကတော့ PNETLab ကို
အကြိုက်ဆုံးလို့ ပြောလို့ရပါသည်။
ကျွန်တော် အခု Tutorial ထဲ့မှာ
PNETLab ကို VMware Esxi 8.0
ထဲ့ကို run ပြထားပါသည်။
သာမန် Lab စမ်းတဲ့သူတွေကတော့
မိမိ PC ထဲ့က VMware Workstation
ထဲ့မှာ run ပြီ သုံးပေါ့ဗျာ။
နောက်တစ်ခုထူးခြားတာကတော့
Lab စမ်းဖို့ Diagram ဆွဲဖို့ပျင်းနေသော
သူတွေ အတွက် လဲ Lab တွေကို
Download လုပ်ဖို့ Store ပါ
ရှိပါသေးသည်။ 😀 😀
PNETLab ရဲ့ အသုံးဝင်ပုံတွေကို
ကျွန်တော် Tutorial ထဲ့မှာ ထပ်ရှင်းပြထားပါသည်။
စိတ်ဝင်စားသူများ Tutorial ထဲ့မှာ
သေချာလေး လေ့လာပြီ
အသုံးပြုချင်တဲ့သူတွေ
PNETLab ကို Download လုပ်ပြီ
စမ်းသုံးကြည့်ကြပေါ့ဗျာ။
PNETLab,EVE-ng တို့ကို
အသေးစိတ် သေချာလေးသုံးတတ်ဖို့ဆို
Linux Server တွေကို အခြေခံ
Manage လုပ်တဲ့ သဘောတရားတွေနဲ့
Virtualization အကြောင်းတွေကို
Theory သိယုံမဟုတ်ပဲ စနစ်တကျ
သိထားဖို့ အရေးကြီးပါသည်။
PNETLab ကို Tutorial ကြည့်ပြီ
စမ်းသုံးမယ့်သူတွေအတွက် PNETLab
ကို Download လုပ်နိင်အောင်
ကျွန်တော် Website မှာ
Download Link ပါ
ထည့်ပေးထားပါသည်။
ကျွန်တော် လေ့လာြဖစ်တဲ့
နည်းပညာ တွေ ကို
ပြန်လေ့လာလို့ရအောင် Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

PNETLab Deploy on VMware Esxi 8.0

 

PNETLab  Download Link

Leave a Reply

Your email address will not be published. Required fields are marked *