Hi အမျိုးတွေ ဒီနေ့ညတော့
Mikrotik 7.8 Qemu image ကို
Pnetlab ထဲ့ ပြီး အသုံးပြုတဲ့
Tutorial တစ်ခုကို Website မှာ
ပြန်တင်ထားပေးပါသည်။
Pnetlab ထဲ့ ကိုထည့်ပြီး
အသုံးပြုပြပေမယ့်
EVE-ng ထဲ့ထည့်သွင်းပြီး
အသုံးပြုမယ့်ဆိုလဲ
သဘောတရားကတူတူပါပဲဗျာ။
ကျွန်တော် လွန်ခဲ့တဲ့ ၅နှစ်လောက်
တုန်းက Mikrotik os version
အနိမ့်ကို EVE-ng ထဲ့ ကို
ထည့်ပြီး အသုံးပြုတာလဲ
တင်ပေးဖူးပါသည်။
အခု ကျွန်တော် ဒီနှစ်ထဲ့
Mikrotik သီးသန့်အတန်းတွေ
စာသင်ဖြစ်တော့ ဆရာ Mikrotik
7.0 တွေ အခုနောက်ပိုင်း Router
အသစ်တွေမှာပါလာပြီး
အသုံးပြုပုံတွေ ကွဲသွားတယ်ဆို
ပြီး မေးကြတော့
ကျွန်တော်ဆီသင်တန်းတက်နေတဲ့
NE အတန်း၊Mikrotik သီးတန်းအတန်းက
ကျောင်းသားတွေကော၊ Online ပေါ်က
လေ့လာမယ့်သူတွေပါ Lab စမ်းလို့ရအောင်
အခု Tutorial လေးကို လုပ်ပေးလိုက်ပါသည်။
Mikrotik OS 7.0 က ထွက်တာ
၁နှစ်ကျော်ပြီးတောင် ပြောလို့ရပါသည်။
7.0 မှာ OSPF,BGP, Radius Package
တွေက အစ ရင်6.0 version တွေ
တုန်းကလို မဟုတ်တော့ပဲ
တော်တော်လေး အပြောင်းအလဲ
ဖြစ်သွားပါသည်။ လုပ်ငန်းခွင်ထဲ့
Mikrotik သုံးသူများအနေနဲ့
7.0 Version ကို ရင်းနီး‌အောင်
စမ်းသုံးကြည့်ကြပေါ့ဗျာ။
အခုကျွန်တော် သုံးပြတဲ့ image က
Mikrotik os 7.8 အတွက်ဖြစ်ပါသည်။
ကျွန်တော်ဟို အရင်နှစ်တွေကလဲ
Qemu Manager ကနေ Qemu image
တွေ ဘယ်လို Create လုပ်သလဲဆိုတာ
တွေလဲ share ပေးဖူးပါသည်။
အခု Tutorial မှာလဲ နောက်ပိုင်း
Mikrotik OS Version အသစ်တွေ
ထပ်ထွက်လာရင် ကိုယ်တိုင်
Qemu image တွေ create
လုပ်မယ့်ပုံတွေလဲ ပြောပြပေးထားပါသည်။
ကျွန်တော် အခုနှစ်ထဲ့ Pnetlab
ကို သုံးဖြစ်ရင်း အရင်က မလုပ်
ပေးဖြစ်တဲ့ Record တွေလဲ
အချိန်ရရင် ရသလို ထပ်လုပ်ပြီး
တင်ပေးသွားပါမည်။
အခု Tutorial ထဲ့ အသုံးပြုထားတဲ့
Mikrotik os 7.8 Qemu image ကိုလဲ
ကျွန်တော် တို့ Telegram Channel
ကနေ ပြန် Share ပေးသွားပါမည်။
ကျွန်တော် လေ့လာြဖစ်တဲ့
နည်းပညာ တွေ ကို
ပြန်လေ့လာလို့ရအောင် Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

How to add Mikrotik 7.8 Qemu image on Pnetlab

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

Leave a Reply

Your email address will not be published. Required fields are marked *