ကျွန်တော်ဒီနေ့တော့ GPT Partitions Create Video Tutorial လေးတင်ပေးလိုက်ပါတယ်။
GPT Partitions Create မလုပ်ခင် သိသင့်တဲ့ Knowledge လေးပြောပြလိုက်ပါတယ်။
Microsoft Windows တွေ မှာ အခုအချိန်ထိတော်တော်များများ Master Boot Record (MBR)
ကို အသုံးများသေးပါတယ်။ MBR  တွေမှာ Hard Disk တွေ ကို Partitions Create လုပ်ရင်
Primary Partitions 4 ခုထိပဲ အများဆုံး Create လုပ်နိုင်ပါတယ်။ HD တွေ ရဲ့ Partitions Size
ကလဲ အများဆုံး 2 TB ထိပဲ Create လုပ်နိုင်ပါတယ်။ အဲ ဒီအားနည်းချက်တွေကို
GUID Partition Table (GPT) မှာ ပိုကောင်းလာပါတယ်။ အဓိကကတော့  GPT  က
Primary Partitions တွေကို အများကြီး Create လုပ်နိုင်ပါတယ်။ နောက်ပြီ
 GPT မှာ partitions တစ်ခုရဲ့ Size ကို 2TB အထက် Partitions တွေ Create လုပ်နိုင်လာပါတယ်။
ပုံမှန် PC တွေက  2 TB Partitions ကို Create လုပ်ပြီးမသုံးပေမယ်။ Data တွေ အများကြီး Storage
Server  တွေ မှာတော့လိုအပ်ပါတယ်။ ဒီလောက်ဆိုရင်တော့ GPT,MBR အကြောင်းသိလောက်ပါပြီ။
ထပ်ပြောချင်တာ  နောက်ပိုင်း Generation မြင့်တဲ့ PC တွေမှာ Windows Install  လုပ်ရင်
Hard Disk တွေကို GPT ကို အသုံးပြုနိုင်ပါပြီ။ ပြသနာက GPT  Hard Disk Partitions တွေကို
OS Install လုပ်ရင် အခက်အခဲတွေရှိနိုင်ပါတယ်။ ကျွန်တော် ဒီ Video Tutorial  ထဲ့မှာ
GPT Partitions Create လုပ်ပြ ထားပြီး Diskpart Command နဲ့ Hard Disk
Partitions ကို Clean လုပ်ပြီး Windows 10 ကို Install လုပ်ပြထားပါတယ်။
Windows Install မလုပ်ခင် Partitions ပိုင်းတဲ့နေရာ မှာ
Command Prompt (Shit+F10) အရင်ဖွင့်ပြီးမှ 
Disk Part Command ကို အသုံးပြုနိုင်မှာပါ။
ဒီ Video Tutorial ကြည့်ပြီ ရင် GPT Partitions Create, GPT to MBR Convert,
MBR to GPT Convert တွေ  သဘောတရားတွေသိနိင်ပါတယ်။
ဒီ Tutorial ထဲ့ မှာ DLC 2016 Boot CD ကို အသုံးပြုထားပါတယ်။
DLC Boot CD မရှိသေးသူများ DLC Boot CD  Link ပါ ပြန်တင်ပေးထားပါတယ်။
ဒီ Video Tutorial ကို Youtube မှာ Upload လုပ်ထားတာ
အခုမှာ Post တင်ဖြစ်တာ။ ကျွန်တော်တို့ MITA က
Video Tutorial တွေကြည့်ပြီ ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
 
 
 

Leave a Reply

Your email address will not be published. Required fields are marked *