ဒီနေ့ တော့ စက်ရုံ အလုပ်ရုံ၊ ရုံးတွင်းအိမ်တွင်းသုံး CCTV Camera တစ်ခုကိုဘယ်လို ရွှေးချယ်မလဲဆိုတာလေးပြောပြချင်ပါတယ်။ ဒီနေ့ ခေတ်မှာတော့ CCTV surveillance camera တွေနဲ့  Recorder တွေဟာ Brand မျိုးစုံနဲ့ ဈေးကွက်အတွင်းမှာ တွင်ကျယ်စွာ ၀င်ရောက်လာတာကိုတွေ့ရမှာပါ၊ brand အမျိုးမျိုးမှာ သူ့ ဟာနဲ့သူတော့ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ်။ အခုပြောပြချင်တာကတော့ မိမိရဲ့ အိမ် ဒါမှမဟုတ် အလုပ်ရုံ စက်ရုံတွေမှာ CCTV တပ်ဆင်တော့မယ်ဆိုရင် စဉ်းစားရမဲ့ အချက်လေးတွေကိုပြောပြချင်ပါတယ်။ 1> ပထမဆုံးအချက်က တော့ လူကြီးမင်းတို့ အနေနဲ့  CCTV တပ်ဆင်တော့မယ်ဆိုရင် အရင်ဆုံးတော့ တပ်ဆင်ပေးမဲ့  Company တွေကို ဆက်သွယ်မယ်ဆိုတာတော့သေချာပါတယ် ။ Company တိုင်းမှာ သူတို့ ရဲ့ အဓိကတပ်ဆင်ပေးမဲ့ Camera Brand တွေမျိုးစုံ၇ှိကြပါတယ် ဥပမာ Hikvision, Axis, Sunell, Dahua, Samsung, Honeywell, Geovision များစွာပါပဲ တော်တော်လေးလည်းစုံကြပါတယ်။ အနည်းဆုံးတော့ ပစ္စည်း warranty (၆) လလောက်ရှိတဲ့ ပစ္စည်းကိုရွေးချယ်သင့်ပါတယ်။ နောက်ပြီး တပ်ဆင်တဲ့ Company ရဲ့ professional installation နဲ့  service warranty ပါပဲ ။ နောက်ပြီး Installation လုပ်ထားတဲ့ လက်ရာသေသပ်မှု့တွေ အားလုံးပြီးသွားလို့ ရှိရင် ပေးတဲ့ service warranty နဲ့ လိုအပ်ချက်အရ on-call ခေါ်တဲ့ အခါပေးတဲ့ ဝန်ဆောင်မှုတွေဘယ်လိုပေးနိုင်လဲဆိုတာကို လည်းသေချာ လေ့လာ ဆွေးနွေးသင့်ပါတယ် ။ 2> ဒုတိယ အချက်အနေနဲ့ တော့ ဘယ်ကြောင့်တပ်ဆင်ရတာလဲ ဘယ်လိုနေရာတွေကို အဓိက ကြည့်ချင်တာလဲဆိုတာကို စဉ်းစားရပါမယ်။ ဘာကြောင့်တပ်ချင်တာလဲဆိုတာကတော့ လိုအပ်လို့ ပေါ့နော် … ဟုတ်တယ်လေ မလိုအပ်ပဲနဲ့ တော့ အားယားပြီးမတပ်ကြပါဘူး .. အဓိက က ဘယ်လိုနေရာတွေကို ကြည့်ချင်တာလဲဆိုတာပါပဲ ဘာဖြစ်လို့ လဲဆိုတော့ CCTV တစ်လုံးမှာ ကြည်လင်ပြတ်သားစွာဖမ်းနိုင်တဲ့ အကွာအဝေး ၊ တပ်ဆင်မဲ့ နေရာရဲ့ အလင်းအမှောင်အနေအထားကြောင့်ပါ ။ ပုံမှန် CCTV တစ်လုံးမှာ လူတစ်ယောက်ကိုမြင်နိုင်အား 4m လောက်ပဲသဲကွဲနိုင်တာမို့ ပါ ဒါ့အပြင် အလင်းရောင်အနေအထားပေါ်မူတည်ပီး ကြည်လင်မှုမှာသွားပြီး အရေးကြီးလို့ ပါ ။ 3> တတိယ အချက်အနေနဲ့ ကတော့ CCTV Camera ရဲ့ lens length နဲ့  width ပါပဲ ။ lens size ရဲ့ millimeter ပေါ်လိုက်ပြီးsubject မြင်ရမှာမို့ လို့ ပါ။ lens ရဲ့ wide angle degree ကျယ်လေလေ အနီးနားက subject တွေကို ပိုမိုကျယ်ပြန်စွာမြင်ရလေပါပဲ။ ဥပမာ 60-degree wide-angle, 4 mm lens camera မှာ 4 meters လောက်က subject ကို ကောင်းမွန်စွာမြင်ရပေမဲ့  ဘေးဘယ်ညာ အဝေးကိုကျတော့ လိုအပ်သလို အသုံချလို့ မ၇နိုင်လို့ ပါ။ ဒီတော့ CCTV ရွေးချယ်တဲ့ နေရာမှာလည်း lens length နဲ့  width ကိုထည့်စဉ်းစားသင့်ပါတယ်။ 4> နောက်တစ်ခုအနေနဲ့ ကတော့ Storage နဲ့  Data ပါပဲ ။ CCTV Camera ရဲ့  resolution အပေါ်မူတည်ပီး recorder ရဲ့ storage ကိုခန့် မှန်းရပါမယ်။ ဥပမာ CCTV 4 လုံးတပ်ရင် storage ဆိုင် 2TB HDD ဆို record file တွေကို ဘယ်နှရက်ထားနိုင်မလဲ ဆိုတာကိုလည်း စဉ်းစားသင့်ပါတယ်ခင်ဗျ။ယနေ့ ခေတ် စက်ရုံအလုပ်ရုံတွေမှာ ဆို record လုပ်ထားတဲ့ Data တွေကို နှစ်တွေအများကြီးထားနိုင်အောင် Storage Server တွေနဲ့ ချိတ်ဆက်ပြီးအသုံးပြုလာတာကိုလည်းတွေ့ ရပါတယ်ခင်ဗျ။ နောက်ထပ် မိမိရဲ့ အိမ်က CCTV ကို အပြင်ကလှမ်းကြည့်တာပါ။ ဒါကိုတော့ Sub-steam ကြည့်တယ်လို့ ခေါ်ကြပါတယ် ။ အိမ်မှာတော့ internet connection ရှိနေဖို့ လိုအပ်ပါမယ် ADSL , FTTH Connection, 4G စသရှိသဖြင့်ပေါ့။ Main-steam မှာလောက် resolution ကောင်းကောင်းကြည့်ချင်တယ်ဆိုရင် internet connection ကောင်းနေဖို့ လည်း စဉ်းစားထားသင့်ပါတယ်။ 5> Camera ရွေးချယ်ရာမှာလည်း Analog, HD, IP အစရှိသဖြင့် ကွဲပါသေးတယ်ခင်ဗျ၊ IR ပါတာ မပါတာ၊ WDR ပါတာ မပါတာ အစရှိသဖြင့် ဈေးနှုန်းအရရော quality အရပါ အရမ်းကွာလို့ ပါ။ မိမိငွေသုံးနိုင်မှု့ အပေါ်လိုက်ပြီး ရွေးချယ်သင့်ပါတယ်။ ယနေ့ ခေတ်မှာတော့ HD နဲ့ IP camera တွေကို အသုံးများလာပါတယ်ခင်ဗျ။ နေရာအနေအထားပေါ်မူတည်ပီး 360 degree လှည့်နိုင်တဲ့  PTZ Camera တွေကိုလည်းအသုံးပြုကြပါသေးတယ်ခင်ဗျ။ တချိုနေ့ ရာတွေကျတော့ ရိုးရိုး Fix camera တွေ အများကြီးသုံးမဲ့ အစား PTZ တစ်လုံးထည်းနဲ့ လည်း အဆင်ပြေသွားနိုင်လို့ ပါ။ 6> နောက်ဆုံးအနေနဲ့ အရေးကြီးတာကတော့ အပေါ်မှာပြောခဲ့ သလိုပဲ lighting နဲ့  costs ပါ။ lighting ကတော်တော်အရေးကြီးပါတယ် ။ ဒီမှာ Costs လို့ ပြောလိုက်တာကတော့ ဥပမာဗျာ Analog camera တပ်မယ်ဆို power လည်းပေးရမယ် Data အတွက်လည်း ကြိုးတွေဆွဲရမယ် ဆိုရင် ကြိုးဖိုးတွေ ပိုကုန်ကျသွားမယ် ။ IP ထပ်မယ်ဆိုပြန်တော့လည်း ကြိုးဖိုးတော့သက်သာသွားမယ် ဒါပေမဲ့ IP camera ရဲ့ ဈေးနှုန်းက ရိုးရိုး Analog camera ထက်ဈေးကြီးနေပြန်ရော ဒါ့ကြောင့်မို့ လူကြီးမင်းတို့ CCTV Camera တပ်မယ်ဆိုရင် နားလည် တတ်ကျွမ်းတဲ့သူ တစ်ဦးဦးနဲ့ တိုင်ပင်ပြီးမှ တပ်ဆင်သင့်တယ်ဆိုတာလေး အကြံပြုရင်း ခဏနားပါအုံးမယ်ခင်ဗျ။ လိုအပ်ပါက ကျနော်တို့ MITA ကို Chat box (သို့ ) ဖုန်းမှတစ်ဆင့်လည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ခင်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။

 

John Smith

(Myanmar IT Academy)

 

Leave a Reply

Your email address will not be published. Required fields are marked *