Hello Everybody!!
ကျွန်တော် ဒီနေ့Holiday ရုံးပိတ်ရက်မှာ Microsoft Server 2016 ISCSI Target Server
လေ့လာချင်သူများအတွက် Tutorial ကို Upload လုပ်ပေးလိုက် ပါတယ်။
ISCSI Target Server ဆိုတာ လွယ်လွယ်ပြောရရင် Storage Server ကနေ
Target Client တွေကို Hard Disk တွေချပေးတဲ့ သဘောမျိုးပါ။
ချပေးတဲ့ Hard Disk တွေက Virutual Disk အနေနဲ့ချပေးတာပါ။ ISCSI Target Server
ကို Microsoft, Linuxတို့မှာလဲရှိသလို VMWare Esxi,
နာက်ပြီ Free NAS တို့မှာလဲ အသုံးပြုလို့ရနိုင်ပါတယ်။
server မှာ config တွေ မလုပ်ခင် iscsi ရဲ့ အခြေခံ concepts တွေပြောပြထားပေးပါသည်။
ကျွန်တော်ခဏ ခဏပြောသလို platform ပြောင်းသွားပေမယ့်
Concepts Theory တွေကတော့ ဆင်တူတွေပါပဲ 😀
တခုနဲ့တစ်ခု အသုံးပြုတဲ့config တွေသာ ပြောင်းသွားတာပါ။
ကျွန်တော်က အခု Tutorial ကို Server 2016 မှာ သင်ထားပေးပင့်မယ့်
Server 2012 မှာလဲ ဒီပုံစံအတိုင်းပါပဲ။လိုအပ်တာတွေ config တွေပြီးသွားရင် iscsi Hard Disk တွေရဲ့
Data တွေကို Server မှာ ဘယ်လိုပြန်ကြည့်ရသလဲဆိုတာပါ ပြောပြထားပေးပါသည်။
နောက်တစ်ခုက VMWare ESXI 6.5 ထဲ့က VM Machine တွေမှာ Hard Disk အသစ်
ထပ်ထည့်တဲ့ ပုံစံတွေပါ သင်ပေးထားပါသည်။
ဒီ Tutorial ကတော့ Microsoft Exam ဖြေမယ့်သူများအတွက်ရော၊
လုပ်ငန်းခွင်မှာ အသုံးချမည့်သူများအတွက်လည်း အသုံးဝင်ပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

Microsoft Server 2016 ISCSI Target Server Installation & Configuration Video Tutorial

 

 

Leave a Reply

Your email address will not be published. Required fields are marked *