2018 ဒီဇင်ဘာလထုတ် Computer Journal မှာဖတ်နိုင်ပါသည်။
Unicode Version
=========
Hello Everybody ကျွန်တော် ဒီနေ့တော့ VirtualBox မှာ Microsoft Windows 10
OS Installation Tutorial တစ်ခုတင်ပေးလိုက်ပါသည်။ ကျွန်တော်တော် လွန်ခဲ့တဲ့
တစ်လလောက်တုန်းက Vbox ကိုစသုံးမယ့်သူများ သိသင့်တာတွေသိနိုင်အောင်
အခြေခံ Concept Tutorial တစ်ခု တင်ထားပေးပြီးသားပါ။ ဒီ တစ်ခါတော့
Microsoft Windows 10 Installation ပြုလုပ်ပုံကို Tutorial သင်ပေးလိုက်ပါသည်။
Vbox မှာ Windows 10 Installation Tutorial ကို လွန်ခဲ့တဲ့ 2နှစ်လောက်ကတည်းက
ကျွန်တော်တင်ပေးဖူးပါသည်။ အရင် Windows 10 Tutorial တွေစတင်တုန်းက
အသံဖမ်းဖို့အဆင်မပြေတာနဲ့ အသံနဲ့ရှင်းပြထားတာမပါခဲ့တာပါ။ အခု Tutorial မှာတော့
Windows 10 Build Number အသစ်နဲ့ထွက်ထားတဲ့ OS ကို Installation သင်ပေးထားပါသည်။
Windows ကို အခုမှ စပြီး Installation ပြုလုပ်မည့်သူများ နားလည်နိုင်အောင် အရေးကြီးတဲ့
လိုအပ်တဲ့ Concepts တွေ Detail ပြောပြထားပါသည်။ Windows Installation ပြုလုပ်ပုံကို
Virtualization Base နှင့် Real PC မှာ OS Installation ပြုလုပ်ပုံ ခြားနားချက်များလဲ
ရှင်းပြထားပါသည်။ နောက်ထပ်တစ်ခုက VBox က Virtual Machine မှာ Bridge Mode နဲ့
Internet အသုံးပြုပုံများလဲရှင်းပြထားပါသည်။ နောက်ဆုံးတစ်ခုကတော့ VBox က
Virutal Machine တွေမှာ Wifi Adapter ထည့်သွင်းပြီး အသုံးပြုကိုပါ သင်ပေးထားပါသည်။
ဒီ Tutorial ကြည့်ပြီးရင်တော့ Windows Installation အခြေခံ Concepts တွေနှင့်
Vbox မှာ Lab စမ်းဖို့ လိုအပ်တဲ့ Concepts တွေကို မြင်သွားမှာပါ။
ကျွန်တော် အခု တင်ပေးတဲ့ Microsoft Windows 10 OS Installation in Virtual Box Tutorial နဲ့
ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအုပ်ကိုင်ပြီး Detail စာဖတ်ချင်သူများအတွက်
2018 ဒီဇင်ဘာလထုတ် Computer Journal မှာဖတ်နို်င်ပါသည်။
စာအုပ်လဲဖတ် Tutorial လဲ လေ့လာချင်သူများအတွက် အဆင်ပြေပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Microsoft Windows 10 OS Installation in Virtual Box Video Tutorial
Leave a Reply
Your email address will not be published. Required fields are marked *