မိတ်ဆွေများအားလုံးမင်္ဂလာပါ၊ကျွန်တော် ဒီနေ့မှာတော့ VMware WorkStation ကို
အသုံးပြုပြီး Lab စမ်းမည့် Students များအတွက် Microsoft Windows တွင်
VMware WorkStation Installation ပြုလုပ်ခြင်း ကို သင်ပေးလိုက်ပါသည်။
VMware WorkStation Version တွေက အရင်တုန်းက ကျွန်တော်တို့စသုံးတုန်းက
9.0 Version ပါ။ အခုတော့ 12.0, 14.0, 15.0 ထိတောင် ထွက်နေပါသည်။
ကျွန်တော်ကတော့ 12.0 Version ကို Installation ပြုလုပ်မှာပါ။ VMware WorkStation ကို
Lab စမ်းမည့် Students များကို ပြောပြချင်တာက 12.0 Version ကိုပဲ အသုံးပြုစေချင်ပါသည်။
VMware WorkStation 12.0 မှာ Lab စမ်းဖို့အတွက် Virtual Machine တွေ Run ပြီး အသုံးပြုတာ
တော်တော်များများ Stable ဖြစ်ပြီး အဆင်ပြေနိုင်ပါသည်။ VMware WorkStation ကို VMware ကပဲ
Develop လုပ်ခဲ့တာဖြစ်ပါသည်။ Initial release ကို 1999 ခုနှစ်ကစတင်ထုတ်ခဲ့တာဖြစ်ပါသည်။
ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲလက်ရှိ Latest Version 15.0 ကို တော့ 2018 Nov မှာ
Release ဖြစ်ခဲ့တာပါ။ VMware WorkStation ကလဲ Virutal Box လိုမျိုးပဲ
ကိုယ်စမ်းချင်တော့ os များကို virtual appliance အနေနဲ့တင်သုံးရတဲ့ပုံစံမျိုးပါ။
Student’s များ ကိုယ် Lab စမ်းချင်တဲ့ Microsoft, Linux စတဲ့ OS များကို
VMware WorkStation ပေါ်မှာ Virtual Machine တစ်ခုဆီ Create လုပ်ပြီး
OS များကို Installation ပြုလုပ်ပြီး အသုံးပြုနိုင်မှာပါ။ ကျွန်တော် Virtual Box တုန်းကလဲ
ပြောပြဖူးပါသည်။ အခု VMware WorkStation မှာ 64 Bit OS တွေကို သက်ဆိုင်ရာ
VM တွေမှာ အသုံးပြုမည့်ဆိုလျှင် မိမိ PC အစစ်က BIOS Setting ထဲ့မှာ
Virtualization Technology ကို Enable ပြုလုပ် ပေးရမှာဖြစ်ပါသည်။
VMware Workstation Software ကို မရှိသေးသူများ
Download လုပ်နိုင်အောင် VMware Workstation 12.0, 14.0 15.0
စတဲ့ Version တွေတစ်ခုခြင်းဆီ iso image တွေ လုပ်ပြီး
ကျွန်တော်တို့ YouTube Page က သက်ဆိုင်ရာ
Tutorial အောက်က Description မှာ ရော
Website မှာပါ ထည့်ပေးထားပါသည်။
ကျွန်တော်တို့ Installation ပြုလုပ်တာပြီးသွားတဲ့အခါ လိုအပ်တာလေးတွေ ထပ်ပြီးပြောပြထားပါသည်။
ကျွန်တော် VMware Workstation ထဲ့မှာ အသုံးပြုတဲ့ Virtual Machine တွေထဲ့က OS တွေမှာ
အပြင်က မိမိ PC အစစ် Network နဲ့ တိုက်ရိုက် connect လုပ်ပြီး အသုံးပြုနိုင်အောင်
PC အစစ်မှာ အသုံးပြုနေတဲ့ Network Interface နှင့် VM ထဲ့က Network Interface
ကို Bridge Mode သေချာသတ်မှတ်ပေးထားဖို့လိုအပ်ပါသည်။ မိမိ PC က
အသုံးပြုနေတဲ့ Wifi or Cable Network Interface နှင့် VMware Workstation ထဲ့က
Vmnet Network Interface တို့ကို Bridge Mode သတ်မှတ်ပုံပါတစ်ခါထဲ့ရှင်းပြထားပေးပါသည်။
ကျွန်တော် အခု တင်ပေးတဲ့ Vmware Workstation 12.0 Installation Video Tutorial နဲ့
ပတ်သက်တဲ့ အကြောင်းအရာတွေကို စာအုပ်ကိုင်ပြီး Detail စာဖတ်ချင်သူများအတွက်
2019 February လ ထဲ့မှာ ထုတ် မည့် Computer Journal မှာဖတ်နို်င်ပါသည်။
နောက်ပိုင်းအချိန်ရရင် VMware Workstation နှင့် ပတ်သက်တဲ့ Tutorial တွေ
ဆက်တင်ပေးပါမည်။ ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။