Unicode Version
Hello everybody ကျွန်တော် တို့ ဒီတစ်ပတ်တော့ Microsoft Server
တွေ ကို အတိတ်မေ့နေတာတွေ ပြန်သတိရလာပြီဆိုပါတော့ဗျာ 😀
ကျွန်တော်လွန်ခဲ့တဲ့ လတွေက Microsoft Server 2019 နဲ့ပတ်သက်တာ
တွေ တော်တော်မျာများ တင်ထားပြီးသားပါ။ ဒီ Tutorial ကတော့
ကျွန်တော် အရင်က Microsoft Server 2012 or 2016 တို့မှာ
တင်ထားပေးတဲ့ Tutorial မျိုးမဟုတ်ပဲ အကြောင်း အမျိုးမျိုးကြောင့်
မိမိ တို့ တင်ထားတဲ့ MS Server Domain Controller ကို Demote
လုပ်ချင်သောသူများ အတွက် လေ့လာနိုင်အောင်
ဒီနေ့ နေ့ခင်း အချိန်ရတုန်းလေး တင်ပေးထားပါသည်။
Demote လုပ်တယ်ဆိုတာကို လွယ်လွယ်ပြောပြရရင် MS Server Domain
Base ကနေ Workgroup ပုံစံမျိုးပြန်သွားတာမျိုးဖြစ်ပါသည်။ MS Server
AD အခြေခံကို ကောင်းကောင်းနားလည်သောသူများကတော့
ကျွန်တော် အခုပြောပြတာကို မြင်လောက်မှာပါ။ အိုကေ
Microsoft Server 2019 Domain Controller ကို Lab စမ်းလို့ပဲဖြစ်ဖြစ်
လုပ်ငန်းလိုအပ်ချက်အရ Demote လုပ်ချင်သောသူများအတွက်
ဒီ Tutorial လေးလေ့လာပြီးသွားရင် Microsoft Server DC တွေကို
Demote လုပ်တဲ့ သဘောတရားတွေ မြင်သွားနိုင်ပါသည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
How to Demote Microsoft Server 2019 Domain Controller Video Tutorial
Leave a Reply
Your email address will not be published. Required fields are marked *