Hello Everybody ကျွန်တော် ဒီနေ့တော့
Windows 11 နဲ့ပတ်သက်တဲ့
Tutorial တစ်ခုတင်ပေးလိုက်ပါသည်။
ကျွန်တော် ပြီးခဲ့တဲ့အပတ်က တင်ပေးတဲ့
WinPE 2021 system boot image ကို
စမ်းသုံးရင်းနဲ့ Windows 11 မှာ
Login ဝင်ရင် your account is disable.
Please see your administrator ဖြစ်နေတဲ့
အချိန်မှာ ဖြေရှင်းတဲ့ နည်းလေးကို
Record လုပ်ပေးထားတာပါ။
ကျွန်တော် အရင် က Microsoft ,Linux
စတဲ့ os တွေရဲ့ admin passwordကို
Reset, change စတဲ့ သင်ခန်းစာတွေကို
တင်ပေးဖူးပြီးသားပါ။ ဒီတစ်ခါ သင်ခန်းစာလေးက
Windows 11 မှာ login ဝင် ရင် disable
ဖြစ်နေတဲ့ account ကိုပါ enable ပြန်လုပ်ပေးပြီ
Password ကိုပါ reset ချပြထားတာပါ။
ဒီ winpe 10 , 2021 version ကထူးခြားတာက
ကျွန်တော်အရင်တုန်းက password reset ချပြ
ဖူးတဲ့ legacy bios မှာ မဟုတ်ပဲ UEFI base
Bios ပေါ်မှာ Hard Disk ကို
GPT နဲ့ os တင်ထားပြီသား
windows 11 ကို သုံးပြထားတာဖြစ်ပါသည်။
အိုကေ စိတ်ဝင်စားသူများ Tutorial ကြည့်ပြီ
သေချာပြန်စမ်းကြည့်ကြပါ။
အခုတစ်လော ကျွန်တော်ပြောနေကြ
စကားကို ပြန်သတိပေးရရင်
အမျိုးတွေအားလုံး ဒီအချိန်မှာ
မိမိကိုယ်တိုင်ကော၊မိမိမိသားစုပါ
ကျန်းမာရေးအထူးဂရုစိုက်ကြပါခင်ဗျာ။
ကျန်းမာအောင်နေနိင်မယ့် နည်းလမ်းတွေ
အကုန်လုံးကို စနစ်တကျ လိုက်နာကြပါ။
ကျွန်တော်အခု တစ်လော
Telegram သုံးနေလို့
ကျွန်တော်တို့ Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ
လေ့လာပြီး ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

How to enable user account & login password reset on windows 11

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *