Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်လဲ အခုတစ်လောTutorial အသစ်တွေ
Record မလုပ်ဖြစ်တာ ၁လလောက်ရှိတော့မယ်
ဒီနေ့ ညနေတော့ You Tube Video Downloader
Application တစ်ခုကို စမ်းသုံးရင်း နဲ့ ဒီ Tutorial
လေး record လုပ်ဖြစ်သွားတာပါ။ ဒီ Tutorial
ထဲ့မှာ You Tube က Video တစ်ခုခြင်းဆီကော၊
Playlist လိုက် Download လုပ်ချင်သူများအတွက်
ပါ ပြောပြထားပါသည်။ You Tube က Video တွေကို
PC မှာ Download လုပ်တာ ပြောပြရင်း နဲ့
Downloader App တွေ သုံးရင် သိသင့်တဲ့
Solution တွေကိုပါပြောပြပေးထားပါသည်။
ပထမဦးဆုံးကတော့ လူသုံး အများဆုံး
Internet Download Manger သုံးရင်
Google Chrome, Firefox တို့နဲ့
ကိုက်ညီအောင် ဘယ်လိုတွေ
အသုံးပြုရမလဲ နည်းလမ်းလေးပါ။
ဒုတိယတစ်ခုကတော့ open source
Downloader Application ၂ခု
ဖြစ်တဲ့ Free Download Manager နဲ့
Open Video Downloader တွေကို
အသုံးပြုပုံတွေပြောပြထားပါသည်။
အခုနောက်ပိုင်း ကိုယ်သုံးနေကြ
Crack တွေ မဟုတ်ပဲ အသစ်ထွက်တဲ့
Crack,keygen ဆိုတိုင်း download
လုပ်ပြီ စမ်းမသုံးကြဖို့ အကြံပေးပရစေ၊
You Tube ကနေ Download
လုပ်ဖို့ အတွက် Open Video Downloader
လေးကတော့ တော်တော်လေး အဆင်ပြေပါသည်။
IDM crack တွေ တိုင်ပတ်နေရင်လဲ
ကျွန်တော် အခု Tutorial ထဲ့
လမ်းညွန်ပေးထားတဲ့ Free Download Manager
လေးကို စမ်းသုံးကြည့်ကြပါ။
ဒီ Tutorial လေးကြည့်ပြီ ရင်
PC မှာ Downloader တွေ နဲ့ပတ်သက်ပြီ
အခက်အခဲလေးတွေကြုံရင်
ဖြေရှင်းတတ်သွားမယ်လို့ ထင်ပါသည်။
ကျွန်တော် အောက်မှာ FDM,OVD
တို့ရဲ့ Download link တွေကိုပါ
ထည့်ပေးထားပါသည်။
Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

You Tube Video Download Guide Tutorial

 

Free Download Manager Download Link

 

Open Video Downloader Link

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *