Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ညနေတော့
Microsoft က official ထုတ်ထား
ပေးတဲ့ Media Creation Tool
အကြောင်းကိုရှင်းပြထားတဲ့
Tutorial လေးတင်ပေးလိုက်ပါသည်။
Media Creation Tool က အခုဆိုရင်
Windows 10 အတွက် သီးသန့်
ထွက်ထားတာမဟုတ်ပဲ Windows 11
အတွက်ပါဖြစ်နေပြီဖြစ်ပါသည်။
Media Creation Tool ကို သိပြီသား
သူတွေရှိပြီသားများမယ်လို့ထင်ပါသည်။
ဒီ Tutorial လေးကမသိသေးသောသူများ
ကော၊သိပြီသားသူတွေကော ဒီTool ကို
အသုံးပြုရင်ဘာတွေသုံးလို့ရသလဲဆိုတာ
ရှင်းပြပေးထားပြီ Media Creation Tool
ကို အသုံးပြုပြီ Windows 10 Boot stick
Setup လုပ်တာလေးပါ ပြောပြထားပါသည်။
အခု ဒီ Post မှာလဲ စာရေးပြီ Media
Creation Tool အကြောင်းလေးကို
အကြမ်းမျဉ်း ထပ်ပြောပြပေးလိုက်ပါသည်။
ကျွန်တော် Media Creation Tool ကို
သိတာကြာပြီဖြစ်ပေမယ့် သေချာစပြီ
သုံးဖြစ်တာက Covid ကာလမှာ
Online ကနေ remote နဲ့ လုပ်ပေးရင်းနဲ့
Microsoft Windows တစ်လုံးကို
Online ကနေ Direct Upgrade
နဲ့လုပ်လို့ရဖို့ရှိတော့ ဒီ Tools ကနေ
Microsoft Windows Latest Update တွေကို
ကောင်းကောင်းဆွဲ ပြီ OS ကို Upgrade
လုပ်ပေးတာအဆင်ပြေခဲ့ပါသည်။
Media Creation Tools က Windows Update
တွေလဲ Direct Download လုပ်လို့ရသလို
Microsoft က ထွက်တဲ့ Official Windows 10 or
အခု ဆို Windows 11 OS Image တွေပါ
Download ဆွဲလိုရနိင်ပါသည်။
Windows 11 ဆို Windows 11
Media Creation Tool ကို သုံးပြီ
Download ဆွဲပေါ့ဗျာ။ အိုကေ
နောက်ဆုံးတစ်ခုက Windows Boot Stick
Setup လုပ်တာပေါ့ဗျာ။
ကျွန်တော်တို့ Computer Service သမား
တွေ အတွက်ကော၊ ရုံးတွေက
IT Support တွေ အတွက်
အခုနောက်ပိုင်း Microsoft Windows
တွေ setup လုပ်တော့မယ်ဆိုရင်
Legacy,UEFI BIOS တွေနဲ့
Boot တက်ဖို့အတွက်ကို ကောင်းကောင်း
နားမလည်ထားဖူးဆိုရင်
ကျွန်တော်အထင်တော့
အခုနောက်ပိုင်း Microsoft Windows
လွယ်လွယ် တင်တတ်မှာ မဟုတ်ဘူး
မြင်ပါသည်။ ကျွန်တော်တို့ အရင်
ခေတ်တုန်းကလို First Boot CD or
USB Boot ပေးရုံနဲ့ Windows တင်ဖို့
ဆိုတာ စက်တိုင်း မဖြစ်နိင်တော့ပါ။
ကိုယ့် Windowsတင်မယ့် စက်ရဲ့
Boot လုပ်ဖို့ BIOS Mode ကို
သေချာနားလည်ထားဖို့ လိုအပ်သလို
Windows တင်မယ့် Boot Stick
ကလဲ Legacy အတွက် သီးသန့်
လုပ်ထားတဲ့ Boot Stick ဖြစ်နေရင်
UEFI BIOS မှာ တင်ဖို့မဖြစ်နိင်ပါ။
လူတိုင်းက Windows တင်တာက
တင်တာလွယ်ပါတယ်ပြောကြလိမ့်မယ်ဗျာ
ခက်တာက သေချာ စနစ်တကျ တင်
တတ်ဖို့က လိုပါလိမ့်မယ်။
ဘာကြောင့်အဲလို့ပြောရသလဲဆိုတော့
နောက်တစ်ချိန်မှာ Server တစ်လုံးကို
ကိုယ်တင်သုံးချင်တဲ့ OS ကို တင်မယ့်ဆိုရင်
ရိုးရိုး PC မှာ OS တင်သုံးတဲ့ သဘောတရား
တွေ ပိုင်နိင်ထားဖို့လိုပါသည်။
ကျွန်တော် Linux နဲ့ ပတ်သက်တဲ့
Group တွေထဲ့မှာ ကျွန်တော် တစ်ခါခါ
မေးနေကြတာတွေ သတိထားမိတယ်
Linux OS install လုပ်ပြီ OS က
တက်မလာဖူးဆိုတဲ့ မေးခွန်းတွေ
ခဏခဏ တွေ့ရတယ် ။နောက်ပိုင်း
စက်တွေမှာ UEFI BIOS မှာ
Boot တက်ဖို့ဆို EFI Partition တွေ
မပါရင်မရတာကို သိတ်မသိကြတာ
ခပ်များများ။ Mac OS လဲ ဒီအတိုင်းပဲ
UEFI Base တွေ များတဲ့အတွက်
EFI နဲ့ပဲအလုပ်လုပ်တာများပါသည်။
ကျွန်တော်တို့ Hackintosh တွေ
တင်သုံးဖြစ်တော့ EFI တွေကို
Boot တက်ဖို့ ဝင်ပြင်ရတာတွေလဲ
ရှိပါသည်။ ရိုးရိုးPC တွေမှာ
UEFI,Legacy BIOS
Setting တွေ Boot Process တွေကို
သေချာနားလည်ထားမှ Server
တစ်လုံးကို Hardware Raid လုပ်ပြီ
Microsoft ,Linux Server တွေကို
တင်တတ်မှာဖြစ်ပါသည်။ အိုကေ
ဒါလေးကြုံလိုပြောပြတာဖြစ်ပါသည်။
Windows Boot Stick Setup လုပ်ဖို့ဆို
လူအသုံးများဆုံးက rufus tool ပဲ
ထင်ပါသည်။ တကယ်လဲကောင်းပါသည်။
Legacy, UEFI BIOS နှစ်ခုလုံးကို Boot
တက်ပြီ OS တင်ဖို့အတွက် ဆိုရင်
ကိုယ့်ရဲ့ Boot Stick က Legacy,UEFI
နှစ်ခုလုံး boot support ပေးတဲ့ Boot
Stick ဖြစ်ဖို့အရေးကြီးပါသည်။
ကျွန်တော်တို့အရင်ကဆို
Legacy BIOS အတွက်ဆို
Boot Stick တစ်ခု၊
UEFI BIOS အတွက်ဆို
Boot Stick တစ်ခု၊ထားပြီ
အသုံးပြုခဲ့တာများပါသည်။
အဲလို သီးသန့် သုံးတာလဲ
ပိုအဆင်ပြေပါသည်။
Rufus tool ကလဲ အဲလို Legacy, UEFI BIOS
Mode ၂ခုလုံးကို Boot တက်ပြီ
OS Installation လုပ်ဖို့အတွက်
Boot Stick တစ်ချောင်းထဲ့နဲ့
အဆင်ပြေပါသည်။
ခက်တာက rufus tool က
Legacy ,UEFI ၂ခုလုံး Support ရတယ်
ပြောပေမယ့်။ ကျွန်တော်အတွေ့အကြုံအရတော့
စက်တိုင်း အလုပ်လုပ်မလုပ်ပါ။
ကျွန်တော်တို့ 2010 လောက်ကတည်းက
IT Technician အဖြစ်အလုပ်လုပ်ကတည်းက
Boot Stick Setup App တွေ တော်တော်
များများ စမ်းသုံးဖူးခဲ့ပါသည်။
Rafus ကတော့ အကောင်းဆုံး Boot Stick
App ထဲ့ကတစ်ခုလို့ ပြောလို့ရပါသည်။
ကျွန်တော်တို့ IT Technician တွေက
Boot Stick တစ်ချောင်းထဲ့နဲ့ အသုံးပြုပြီ
UEFI ,Legacy BIOS တွေကို Boot
တက်ပြီ အသုံးပြုချင်တဲ့အတွက်
Tool တစ်ခုပြီ တစ်ခုစမ်းသုံးရင်း
ကျွန်တော် ညီတစ်‌ယောက်က သူ
သုံးလို့ အဆင်ပြေတယ်လို့ပြောတာနဲ့
အခုကျွန်တော် Tutorial
အသုံးပြုပြထားတဲ့ Microsoft က
ထုတ်ပေးထားတဲ့ Media Creation
Tool ကို Boot Stick စမ်းသုံးကြည့်တာ
တော်တော် အဆင်ပြေပါသည်။
Boot Stick တစ်ချောင်းထဲ့နဲ့
Legacy,UEFI BIOS တွေကို
စိတ်ကြိုက် Boot တက်ပြီ
အမှန်အကန် အသုံးပြုလို့ရနိင်ပါသည်။
Microsoft က ထုတ်တဲ့
Media Creation Tool က
အားနည်းချက်လေး တစ်ခုရှိပါသည်။
ဘာအားနည်းချက်ရှိသလဲဆိုတော့
ကျွန်တော် Tutorial ထဲ့ ရှင်းပြထားပါသည်။
ရေးတဲ့ စာရှည်သွားပြီဖြစ်တဲ့အတွက်
ဒီနားပဲနားပြီဗျာ။ Tutorial လေးကြည့်ပြီ
IT Technician တွေ Media Creation
Tool ကို သုံးပြီ လိုအပ်တဲ့ အခက်အခဲ
တွေအတွက် အထောက်အကူ
ဖြစ်မယ်လို့ ထင်မိပါသည်။
ကျွန်တော် လေ့လာြဖစ်တဲ့
နည်းပညာ တွေ ကို
ပြန်လေ့လာလို့ရအောင် Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့
Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါPost တင်ပေးဖြစ်ပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

Using Media Creation Tool Tutorial

 

Join Our Telegram Channel to Easily Visiting our Site Here

 

Leave a Reply

Your email address will not be published. Required fields are marked *