Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ MITA မှာ နောက်အပတ်ကစပြီ
Computer Basic Tutorial တွေကို
ကျွန်တော်တို့ Website or Youtube Page မှာ
Free ဝင်လေ့လာလို့ရအောင် ကျွန်တော်တို့
အချိန်ရရင်ရသလို ၁ပတ် ခြားတစ်ခါ
မဟုတ်ရင်တောင် ၂ပတ်ခြားလောက်
သင်ခန်းစာ ၁ခုဆီကို တင်ပေးသွားပါမည်။
အသိတော်တော်များများက Computer Basic
ကို သင်ဖို့မေးကြလို့ဗျာ။ကျွန်တော် Computer
Basic ကို မသင်ဖြစ်တော့တာ ၅နှစ်နီးပါးလောက်
ရှိပြီဖြစ်ပါသည်။ အခုနောက်ပိုင်း
ညီငယ်,ညီမငယ်တွေကြည့်ရတာ
Computer Basic ဖြစ်တဲ့ Computer System
တွေကို သေချာလေး မသိတာတော်တော်
များများတွေ့ရတာများတယ်၊ အဲဒါကြောင့်
လဲ online ပေါ်ကနေ Internet ရှိယုံနဲ့
Computer System တွေကို အခြေခံကစပြီ
လုပ်ငန်းထဲ့ဝင်နိင်တဲ့အထိ၊
သေချာလေး သိသွားအောင်
သင်ပေးသွားပါမည်။ Computer System
အခြေခံတွေကနေ၊Computer Hardware
အစိတ်အပိုင်းတွေအကြောင်းတစ်ခုခြင်းဆီကနေ၊
Operation System အကြောင်းတွေ၊
Microsoft Windows တွေကို
အခြေခံကစပြီ စနစ်တကျ စသုံးနည်းတွေ၊
Microsoft Office နဲ့ပတ်သက်ပြီ
Word,Excel,Powerpoint, တွေ၊
Internet & Email နဲ့ပတ်သက်တာတွေ၊
Online ပေါ်မှာ Register လုပ်တာတွေ၊
ရုံးတွေမှာ PDF File တွေကို စနစ်တကျ
Convert လုပ်ပုံတွေကအစ၊ Internet မှာ
လိုအပ်တာတွေ ရှာပြီ လေ့လာတာကအစ
တဖြည်းဖြည်း သင်ပေးသွားပါမည်။
ကျွန်တော် သင်ပေးတဲ့ Course ကို
သေချာစိတ်ဝင်တစားသင်ယူပြီသွားရင်
ရုံးတွေမှာ Computer Basic နဲ့ခေါ်တဲ့
အလုပ်တွေ ရှိပြီဆိုရင်
IT Knowledge အခြေခံ ကောင်းကောင်း
နဲ့ အလုပ်လုပ်နိင်မယ်လို့ထင်ပါသည်။
ကျွန်တော် အရင်ကတည်းက Computer Basic
ကို ရုံးတွေမှာ လုပ်နေတဲ့ HR,Account,
တွေက အစ English ကျောင်းက
ညီငယ်တွေကို Private ပုံစံမျိုးပဲ
သင်ပေးနေကြဖြစ်တဲ့အတွက်
Computer Basic Course က ရှိပြီသား
ဖြစ်ပါသည်။ Tutorial တွေကို
နောက်အပတ်ထဲ့စတင်ပေးသွားပါမည်။
အခု Compute Basic သင်မယ့်
ဒီ အကြောင်းအရာလေးကို ရှင်းပြထားတဲ့
Record ကိုလဲ Youtube & Website မှာပါ
တင်ပေးထားပါသည်။ Computer Basic
ကို အခုမှစလေ့လာသောသူများအတွက်ကော
မသိတာတွေသေချာလေးပြန်လေ့လာချင်နေသော
သူများ အတွက်ကော၊ Computer Basic ကို
စာသင်နေသောသူများပါ၊ လိုအပ်တာတွေ
ပြန်လေ့လာကြပေါ့ဗျာ။၊
ကျွန်‌တော်တို့ Page ကို စောင့်ကြည့်ကြပါ။
နောက်အပတ်မှာတွေ့ကြပါမည်။

 

 

 

Computer Basic Intro Tutorial

 

Leave a Reply

Your email address will not be published. Required fields are marked *