Hi အမျိုးတွေ ဒီနေ့ညနေတော့
ကျွန်တော် အချိန်ရတုန်းလေး
Computer Basic သင်ခန်းစာ ၁ခု
ထပ်တင်ပေးလိုက်ပါသည်။
Introduction of Computer System Part 2
မှာ PC တစ်လုံးမှာပါတဲ့ CPU,RAM,
Hard Disk,Power Supply စတဲ့
Components တွေ ၁ခုခြင်းဆီ
အကြမ်းမျဉ်း နားလည်သွားနိင်အောင်
ရှင်းပြပေးထားပါသည်။
Tutorial က အချိန် ၁နာရီစာလောက်
ဖြစ်သွားပါသည်။ လေ့လာမယ့်သူတွေက
၁၀ မိနစ်လောက် အချိန်ရရင် ၁၀မိနစ်
လောက်လေ့လာပြီ Note မှတ်ပြီ
လေ့လာပေါ့ဗျာ။ နောက်ထပ်
ထပ်လေ့လာမယ့်ဆိုရင် ခုနက
နားထားတဲ့ ၁၀မိနစ်နောက်ကနေ
စပြီပြန်လေ့လာပေါ့ဗျာ။
နည်းပညာ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်
Tutorial လေ့လာတာပဲဖြစ်ဖြစ်
ကျွန်တော် အရင် ပြောဖူးပါတယ်။
ငယ်ငယ်က ဝတ္ထု  စာအုပ်ဖတ်သလို
Series ရုပ်ရှင်ကြည့်သလို
တစ်ခါထဲ့ အပြီး
ဖတ်တာမျိုးကို မလုပ်သင့်ပါ။
Tutorial or Ebook က
ပြီးသွားလိမ့်မယ် ၊ ခေါင်းထဲမှာ
ကိုယ့်လေ့လာမယ့် နည်းပညာတွေက
စနစ်တကျ နားမလည်၊ မမှတ်သားနိင်ရင်
အချိန်ကုန် တာပဲအဖတ်တင်ပါသည်။
ဒီအကြောင်းအရာတစ်ခုကို
အချိန်တစ်ခုပေးပြီ လေ့လာ
သေချာ ပြန်စမ်း Note မှတ်သင့်တာတွေ
စနစ်တကျ ပြန်မှတ်သား၊ အဲလိုမျိုး
လေ့လာကြဖို့ အရေးကြီးပါသည်။
အိုကေ ဒါလေးကြုံတုန်း
ပြန်ပြောပြပေးလိုက်ပါသည်။
ကျွန်တော် လေ့လာြဖစ်တဲ့
နည်းပညာ တွေ ကို
ပြန်လေ့လာလို့ရအောင် Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ အခမဲ့ Share ပေးနေတဲ့
Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

Computer Basic
Introduction of Computer System Part 2

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *