ကျွန်တော် ဒီနေ့တော့ EVE ကိုစလေ့လာနေသူများအတွက် EVE OS ကို Installation Video Tutorial
တစ်ခု Create လုပ်ပေးထားပါတယ်။ EVE ရဲ့ အရှည်ခေါက်က  Emulate Virtual Environment ပါ၊
အဓိကတော့Network လေ့လာနေသူများအတွက် GNS3 လိုမျိုး Ciso IOS Image တစ်ခြား
Application ပုံစံမဟုတ်ပဲ EVE ကတော့ Ubuntu Base ပေါ်မှာ Develop လုပ်ထားတဲ့ OS ပါ။
စာသင်မယ့်ကျောင်းမှာ EVE OS ကို Install လုပ်ပြီ Run ထားရင် Lab လုပ်မယ့် ကျောင်းသားတွေကို
 User Name, Password တွေချပေးပြီ  Browser ကနေ Login ၀င်ပြီ Lab တွေ လုပ်နိုင်ပါတယ်။ 
ကျွန်တော် EVE ကိုVirtul Box မှာ လဲ စမ်းတင်ကြည့်တာ အဆင်ပြေပါတယ်။ 
But User အများကြီး Login ၀င်သုံးရင် အဆင်မပြေဖြစ်နိုင်တယ်။ 
တစ်ယောက်ထဲ့ Lab လုပ်မယ့်လူအတွက်တော့ သင့်တော်နိုင်ပါတယ်။
ကျွန်တော် အမြင်ကတော့ EVE ကို သီးသန့် Server PC တစ်လုံးမှာ OS ကို Install လုပ်ပြီ
Run ထားနိုင်မယ်ဆို ပို အဆင်ပြေနိုင်ပါတယ်။ ကျွန်တော် EVE OS Installation Video Tutorial
ကို VMware ESXI 6.0 ပေါ် မှာ install လုပ်ပြထားပါတယ်။ ဒီ Tutorial ကြည့်ပြီ ရင်
VMware ESXI 6.0 မှာ Virutal Machine တစ်ခု Create လုပ်ပြီ OS Installation Concepts
တွေနားလည်နိုင်ပါတယ်။နောက် Tutorial တစ်ခုကLab လေ့လာမယ့်သူများအတွက် EVE ထဲ့ကို
Ciso Router 7200 IOS Image ကိုလဲဘယ်လိုAdd ထည့်တယ်ဆိုတာ Tutorial လုပ်ပြထားပါတယ်။
EVE အတွက် Cisco Router 7200 IOS ImageDownload Link ကို How to add Cisco Router
7200 IOS Image on EVE Video Tutorial အောက်က Description မှာ ထည့်ထားပေးပါတယ်ဗျာ။
မိတ်ဆွေများအားလုံး ၀ါဆို လပြည့်နေမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေဗျာ။
Leave a Reply
Your email address will not be published. Required fields are marked *