ကျွန်တော်ဒီနေ့တော့ GNS3 မှာ Lab လုပ်မယ့်သူတွေအတွက်
PC မှာ ရှိနေတဲ့ Internet ကို GNS3 ထဲ့ Wan Link အသုံးပြုလို့ရအောင်
သင်ပေးမှာဖြစ်တယ်။GNS3 Latest Version တွေမှာ Cloud အသုံးပြုလို့
အဆင်မပြေနိုင်လို့ပါ။ ကျွန်တော်တို့Testing လုပ်တာ GNS3 1.3.2, 1.3.6
လောက်ဆိုရင် အဆင်ပြေပါတယ်။အခုကျွန်တော်ပြထားတဲ့ Tutorial ထဲ့မှာ
GNS3 1.3.2 ကိုCloud အသုံးပြုထားပါတယ်။ကျွန်တော် အရင်က
Cisco&Mikrotik Router image တွေကို GNS3 ထဲ့ Run ပြထားပြီးသားပါ။
GNS3 installation Guide pdf လဲကျွန်တော်တို့ Website မှာ တင်ထားပြီးသားပါ။
မသိသေးသူများကျွန်တော်တို့Youtube Page နှင့် Website  မှာဝင်ကြည့်နိင်ပါသည်။
တကယ်တော့ GNS3 မှာ Cloud အသုံးပြုနည်းက Virtual Box,VMware Workstation
တို့မှာ Physical NIC ကို Bridge Mode ပေးပြီ အသုံးပြုတဲ့ Concepts နဲ့တူတူပါပဲဗျာ။
GNS3 1.3.2 မရှိသေးသူများအတွက် Download Link မှာထည့်ပေးလိုက်ပါတယ်။
Tutorial အောက်က Description မှာ Download Link  ယူနိုင်ပါသည်။
GNS3 မှာ Cloud အသုံးပြု ပြီး Internet ရတော့ Lab လုပ်မယ့်သူများ
Real Device အနားမှာမရှိပေမယ့် Real Device ကို
Config လုပ်သလိုခံစားရတာပေါ့ဗျာ။ 😀 😀
ကျွန်တော်တို့ Tutorial တွေကို Facebook ကတော့ကြည့်နိုင်အောင်လည်း
ကျွန်တော် တို့ Page ကနေ အချိန်ရရင်ရသလိုပြန် Upload လုပ်ပေးနေပါသည်။
အဆင်ပြေတဲ့နေရာကကြည့်ပေါ့ဗျာ။သေချာ Download ဆွဲချင်ရင်တော့
Youtube ကနေပဲ ဆွဲတာပိုအဆင်ပြေပါသည်။
ကျွန်တော်တို့လမ်းညွှန်ပေးတဲ့ Video Tutorial တွေလေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

GNS3 1.3.2 Download

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *