ဒီနေ့ ကျနော်တို့  MITA ကနေ VOIP နဲ့ ပါတ်သတ်ပီး အခြေခံလေးအနည်းငယ်ပြောပြချင်ပါတယ်။ Voice Over IP အခြေခံအားဖြင့်ခွဲပြရမယ်ဆိုရင် Voice Server , Voice Client, Voice Gateway, Voice Protocol, Codec, Network Latency, QoS အစရှိသဖြင့် အပိုင်းပိုင်းခွဲထုတ်ပီးပြောရမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့  ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ Voice Over IP Server အကြောင်းပါပဲ အလွယ်ပြောရမယ်ဆိုရင် IP PBX ပေါ့၊ သူကဘာတွေလုပ်ပေးလဲဆိုတော့ Voice တွေကို route ပေးတယ်ပေါ့ဗျာ။ ဒါကိုအရင်မပြောပြခင်မှာ ပုံမှန်  Telephone System ဖြစ်တဲ့  PBX အကြောင်းကို အရင်ပြေမှဖြစ်မယ်ခင်ဗျ။ ဒါကိုသိမှလည်း VoIP ကိုလွယ်လွယ်ကူကူနားလည်နိုင်မှာပဲဖြစ်ပါတယ်။

PABX ( Private Automatic Branch Exchange ) ဆိုတာဘာလဲဆိုတော့ လူကြီးမင်းတို့  စက်ရုံတွေ အလုပ်ရုံတွေမှာ Analog တယ်လီဖုန်းလိုင်းတွေကို ရုံးတွင်းဆက်သွယ်ရေးအတွက် လွယ်ကူစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်အတွက် အသုံးပြုတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။
 

PABX System ကို လူကြီးမင်းတို့ ရုံးမှာ စတင်အသုံးပြုမယ်ဆိုရင် ဘာတွေလိုအပ်မလဲ ဘာတွေကိုလေ့လာထားရမလဲဆိုတာအရင်ဆုံး ပြောချင်ပါတယ်။

၁။ လူကြီးမင်းတို့ ရုံးအတွင်း အလုပ်ရုံအတွင်းမှာ တစ်ချိန်ထဲမှာပဲ အပြင်ကိုခေါ်ဆိုတဲ့ ဖုန်းအရေအတွက်ဘယ်လောက်ရှိနိုင်မလဲဆိုတာတွက်ချက်ရပါမယ်။ System အတွင်းမှာအသုံးပြုမဲ့ Extension Phone အရေအတွက်ဘယ်လောက်ထားမလဲဆိုတာတွက်ချက်ရပါမယ်။ ဘာကြောင့် ဒီအကြောင်းအရာတွေကို သိထားဖို့ လို တာလည်းဆိုတော့ တစ်ချို့  Device တွေမှာ Default ပါသော CO Line Card နဲ့  Entension Line Card တွေဟာ လူကြီးမင်းတို့ လိုအပ်သလောက်မပါလျှင် ထပ်စိုက်ရတက်လို့ ပဲဖြစ်ပါတယ်။

၂။ Numbering Plan ကိုလည်းသေခြာ ရေးဆွဲထားရပါမယ် (ဘယ်နေရာမှာ ဘယ်အခန်းမှာ ဘာနံပါတ်ပေးမလဲပေါ့)။ Numbering Plan ဆိုတာကတော့ ဖုန်းနံပါတ်သက်မှတ်ဖို့ ပါပဲ၊ ကြိုတင်စီစဉ်ထားလျှင်ပိုပီးတော့ အဆင်ပြေပါတယ်။

၃။ Hotel ဖြစ်ခဲ့မည်ဆိုပါက Phone Bill ဘယ်လို ကောက်ခံမယ်ဆိုတာပါတွက်ချက်ထားသင့်ပါတယ်။ Phone Bill ကောက်ခံမယ်ဆိုရင်လည်း မြို့ တွင်း၊ နယ်ဝေး၊ နိုင်ငံရပ်ခြား သို့ ခေါ်ဆိုရာတွင် မိမိတို့ သက်မှတ်ထားတဲ့ အတိုင်းကောက်ခံဖို့ ပါ။ Phone Bill ကောက်ခံမယ်ဆိုလျှင်တော့ Billing Software တခုနဲ့ ထပ်ချိတ်ရတဲ့အတွက် PC တစ်လုံးလိုအပ်ပါတယ်။

လက်ရှိ ကျနော်တို့ နိုင်ငံအတွင်းမှာ Panasonic နဲ့ NEC , ဒီ Brand နှစ်ခုကတော့ နာမည်ကြီးပါတယ်။

PABX မှာအသုံးများတဲ့  Feature တချို ကတော့ DISA (Direct Inward System Access) Message ၊ ဥပမာအနေနဲ့  နားလည်အောင်ရှင်းပြရမယ်ဆိုလို့ ရှိရင် Call Center တွေမှာပေါ့ သူတို့ ရဲ့  Company, Organization အကြောင်းကိုမိတ်ဆက်တာတွေကို DISA message အနေနဲ့ အသံသွင်းထားပီး ဖုန်းဝင်သွားတာနဲ့ အလို အလျောက် မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်။ ယနေ့ ခေတ် Call Center တွေမှာတော့ DISA ကိုသိပ်မသုံးကြတော့ပါဘူး IVR (Interactive Voice Response) ဆိုတဲ့  VOIP မှာပါတဲ့ Feature တစ်ခုကိုသုံးကြပါတယ်။ နောက်ထပ်ကတော့ Call Transfer လုပ်တာ၊ Call Meeting လုပ်တာ၊ Call Hunting Group တွေခွဲထားတာ၊ Phone Call တွေပိတ်တာ ဖွင့်တာ၊ Hotel တွေမှာဆို wakeup alarm ပေးခြင်း အစရှိတဲ့  feature တွေကတော့ အသုံးများပါတယ်။ PBX အကြောင်းကတော့ ဒီလောက်သိထားရင်အဆင်ပြေပါပီ။ ဒါကိုကတော့ အခြေခံအားဖြင့် နားလည်နိုင်အောင် ရှင်းပြတာပဲဖြစ်ပါတယ်၊ ကျနော်တို့ တကယ်သွားမှာက PBX မဟုတ်ပါဘူး၊ real time audio communication ကို Data Network  ပေါ်မှာသွားမှာဖြစ်တဲ့ VOIP အကြောင်းပါ။ ဒီတော့ ကျနော်ပြောချင်တာက ဘာတွေအားသာချက်ရှိသွားမလဲပေါ့ အပေါ်မှာပြောခဲ့တဲ့  PBX နဲ့ ပါတ်သတ်တာတွေအကုန်လုံး IP ပေါ်ရောက်သွားပီဆိုတော့ တချို့ နေရာတွေမှာ အများကြီးအားသာသွားပီပေါ့ဗျာ။ ကျနော်တို့ router တွေသုံးမယ် switch တွေသုံးမယ်၊ telephone နဲ့ ပါတ်သတ်တဲ့  ကြိုးဆွဲတာတွေဘာတွေမလိုတော့ဘူးဆိုတော့ ငွေကြေးအကုန်ကျတော်တော်များများကိုသက်သာသွားမှာပဲဖြစ်ပါတယ်။ ဒီတော့ server ဆိုတော့ တမျိုးထင်မသွားကြနဲ့ ဦးနော် ၊ မိမိ network အတွင်းမှာရှိတယ် အသုံးပြုမဲ့ client အပေါ်မူတည်ပီးတော့ load ခံနိုင်တဲ့ မည်သည့် computer ပေါ်မှာမဆို voice server (or) IP PBX server ကို install လုပ်နိုင်ပါတယ်ခင်ဗျ။

VOIP server တွေကတော့အမျိုးမျိုးပေါ့ဗျာ license တွေရှိတာတွေရှိမယ်၊ free open source တွေလည်းရှိမယ်။Free သုံးရတဲ့ server တွေကိုလည်းအထင်မသေးနဲ့ နော် small and medium side အတွက် တော်တော်လေးကိုအသုံးဝင်ပါတယ်။

 

Voice Client အခြေခံလောက်ပြောပြရမယ်ဆိုရင် Voice server ရှိပီဆိုရင် Voice server ကို အသုံးပြုမဲ့ client လည်းရှိရပါမယ် ။ VoIP server မှ service တွေကို အသုံးပြုလို့ ရတဲ့  client တွေကတော့မျိုးစုံရှိတယ်ခင်ဗျ ။ Telephone လည်းဖြစ်နိုင်တယ်, Computer တစ်လုံးလည်းဖြစ်နိုင်တယ်,  Android or iOS Device တွေလည်းဖြစ်နိုင်တယ်ခင်ဗျ။ Voice server မှအသုံးပြုတဲ့  realtime audio communication service သုံးတဲ့ protocol တစ်ခုခု ကို တင်ပီး run နိုင်တဲ့ မည်သည့် Device မဆို Voice client ဖြစ်နိုင်ပါတယ်။ Telephone ဆိုကာမှ client မှာ hardphone နဲ့  softphone လို့ လဲခွဲခြားထားသေးတယ်ခင်ဗျ။ Hardphone ဆိုတာတော့ ရိုးရိုးတယ်လီဖုန်းနဲ့ မခြားပါဘူး သူမှာ VoIP server နဲ့ ချိတ်ဆက်ပီးသုံးလို့ ရတဲ့အတွက် ဈေးနည်းနည်းပိုများမယ်ပေါ့။ Voip server ကနေချပေးတဲ့  service တွေကိုသုံးလို့ ရတယ်ပေါ့ဗျာ။ softphone ဆိုတာကျတော့ VoiP server က service တွေကို အသုံးပြုလို့ ရအောင် application ထုတ်ထားတာပါ။ Windows OS, Linux OS, Android OS, iOS တွေမှာတင်သုံးရပီး Voice server နဲ့ ချိတ်ဆက်ထားလျှင် server က service တွေကို အသုံးပြုလို့ ရမှာပဲဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့  VoIP Server နဲ့ ပါတ်သတ်ပီး အရေးကြီးတဲ့ service တစ်ခုကတော့ Voice Gateway service ပဲဖြစ်ပါတယ်။ Gateway ကဘာလုပ်လဲဆိုတော့ မတူညီတဲ့  voice service တွေကို VoIP server နဲ့ ချိတ်ဆက်အသုံးပြုတဲ့ service ပဲဖြစ်ပါတယ်။ Gateway ကို ၂ မျိုးခွဲတယ်ခင်ဗျ Media Gateway နဲ့  Provider Gateway ဆိုပီးခွဲခြားထားပါတယ်ခင်ဗျ။ ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင် ကျနော်တို့  Network ထဲမှာ VOIP server တစ်ခုရှိတယ်ဆိုကြပါဆို့  ဒါဆို Voice service ကိုယူသုံးမဲ့  Device တွေက IP ပေါ်ကပဲသွားမယ်ဗျာ IP နဲ့ ပဲ အဆက်အသွယ်လုပ်မယ်ပေါ့ ဒါဆို ကျနော်တို့ က server ကနေ အပြင်ကိုထွက်မယ်ဆို အပြင်ကိုထွက်ဖို့  ကြားခံ Gateway တစ်ခုလိုသွားပီခင်ဗျ အပြင်က ဖုန်းကိုလှမ်းခေါ်ဖို့  ဒီကောင်ကဆက်သွယ်ပေးမှာလေ။ ဒီနေရာမှာ အပြင်ဘက်ကို ထွက်မဲ့ နေရာက ရိုးရိုး MPT ကဖုန်းလိုင်းကြီးယူထားတယ် ဆိုကြပါဆို ဒီလိုနေရာမျိုးမှာကျ Voice Media Gateway ကို အသုံးပြုရတယ်။ တကယ်လို့  organization ကြီးကြီးတွေမှာကျတော့ ဒီနေရာမှာ Telephone Provider တွေက Gateway service ကို ၀ယ်သုံးရပါတယ်။ ပြည်တွင်းမှာတော့ SIP Trunk လို့ ခေါ်ကြပါတယ် အဲ့အပိုင်းကို နောက်များတွင်ထက်ပီးရှင်းပြပေးပါ့မယ်။ Gatewayကိုသုံးမယ်ဆို Voice Gateway  ဘက်ကိုလည်းလေ့ လာရမယ် မိမိသုံးထားတဲ့  Voice Server ရဲ့  Website တွေကိုလည်းလေ့ လာရမယ် တခါတလေကျရင် တချို့ service တွေက မကိုက်ညီလေတော့ အဆင်မပြေတွေဖြစ်တက်ပါတယ်ခင်ဗျ။

VoIP server မှာ Client တွေ Gateway တွေ ကိုချိတ်ဆက်ဖို့   Voice Protocol ကို အသုံးပြုကြပါတယ်ခင်ဗျ။ တချို့ နာမည်ကြီး brand တွေမှာကျတော့ ကိုပိုင် protocol တွေကိုသုံးကြတယ်လေ သူတို့ ရဲ့  voice server တွေကို ၀ယ်တယ်၊ သူတို့ မှာတော့ ဒီ protocol တွေရှိတယ်ပေါ့ဗျာ၊ သူများတွေထက် ဘာတွေညာတွေအားသာတယ်ပေါ့ အဲ့တော့ သုံးချင်တဲ့သူက VoIP server တစ်ခုဝယ်ပီဆိုတာနဲ့  သူ့ ဖုန်းတွေကို ဈေးကြီးပေးပီး ၀ယ်ရရော။ Open source ကို သုံးမယ်ဆိုရင်တော့ SIP ကထောက်ပံ့ နေတော့ ဈေးသက်သာတာပေါ့ ။ ကျနော်ကတော့ open source သုံးရတာ ပိုကြိုက်ပါတယ်။ ဒါကိုရှင်းပြချင်းရဲ့  ရည်ရွယ်ချက်ကလည်း သက်သက်သာသာနဲ့ သုံးနိုင်အောင်ပါ။
နောက်တစ်ခုလေ့ လာထားရမှာက voice traffic တွေက network ပေါ်ရောက်သွားပီဆိုတော့ သူ့ အတွက်ကလည်း သွားနေတဲ့ bandwidth ထဲက ခွဲထုတ်ပေးရပီလေ။ ဒီနေရာမှာ codec လေးတွေလည်း သတိထားရမယ်ခင်ဗျ။ သုံးနေတဲ့ bandwidth အပေါ်မှာလည်း သက်ရောက်သလို voice client တွေမှားလည်း support မလုပ်တဲ့  codec နဲ့ မလုပ်တာတွေလည်းရှိတက်တော့ server ကနေ gateway ကို ချိတ်ဆက်တဲ့နေရမှာ ကျန်မသွားမိလေအောင် အသံုးမှားတဲ့ codec တွေကို အကုန်ထည့်ပေးရမယ်ခင်ဗျ။

Codec ကွာသွားရင်လည်း sound quality ကွာသွားသလို၊ bandwidth ဆိုဒ်လည်း ကွာသွားတက်ပါတယ် ဒါကိုလည်းထည့်စဉ်းစားပေးရမယ်ခင်ဗျ။ ဒီနေရာမှာ သတိထားစရာတွေရှိလာပါသေးတယ်ခင်ဗျ ကျနော်တို့ ရဲ့  VOIP server , Gateway , Client ဒါတွေဟာ ကျနော်တို့ ရဲ့  network ထဲမှာရှိနေပီဆိုတော့ ပုံမှန်ကျနော်တို့  အလုပ်တွေလုပ်တယ် Data တွေပို့ တယ်၊ E-mail တွေပို့ တယ် ဒီအခြေနေမှာ သိပ်မသိသာသေးဘူးခင်ဗျ အဲ့မှာ ဖုန်းလည်းပြောလိုက်ရော မရှင်းတာတို့ မသဲကွဲတာတို့ တွေဖြစ်ကုန်ရော ဘာကြောင့်လည်းဆိုတော့ network ထဲမှာ latency တွေများလာလို့ ဖြစ်တာပါ။ ပုံမှန် telephone လိုင်းမှာ လူ၂ ယောက်ဖုန်းပြောမယ်ဆို ရင် တစ်ဦးပြောလိုက်တာကို တစ်ဦးကြားဖို့  45ms စောင့်ရပါတယ်ခင်ဗျ network ပေါ်ရောက်လာပီဆိုရင် 75ms ကနေ 100ms ကြားထဲရောက်သွားရော အဲ့ဒီမှာ delay တွေဖြစ်ကုန်ရော ဒါကို Network Engineer တစ်ယောက်က ဘယ်လိုဖြေရှင်းရမလဲဆိုတော့ QoS (quality of service) သုံးပီးဖြေရှင်းရပှါတယ်။ QoS မှာလည်း အမျိုးမျိုးရှိသေးတယ်ခင်ဗျ။ တချို့ Router, Switch တွေမှာ default ပါတာလေးတွေရှိပါတယ် qos auto ဆိုရင် သူ့ ဖာသာအလုပ်လုပ်သွားတက်တာလေးတွေပေါ့ ဒါပေမဲ့  တကယ် Network ကြီးလာတဲ့ အခါမှာ manual လုပ်ပေးမှကို အဆင်ပြေတက်တာတွေရှိပါတယ်ခင်ဗျ ဒါကြောင့် QoS ကိုလည်း သေခြာလေ့လာထားဖို့ လိုအပ်ပါတယ်ခင်ဗျ။ နောက်ပိုင်းမှာတော့ Unifi Communication ဆိုတာကြီးကလည်း ခေတ်စားလာတယ်ကိုး Voice တွေလည်းပါမယ်၊ video call လုပ်တာတွေလည်းပါလာမယ်၊ email service တွေ၊ massaging service တွေလည်းပါလာမယ် ဒီလိုတွေဖြစ်လာတော့ များများလေ့ လာထားပါခင်ဗျ ကျနော်တို့ ကနေလည်း အချိန်ရရင်ရသလို တင်ပေးပါ့မယ်ခင်ဗျ ။ ကျေးဇူးတင်ပါတယ်။

 

John Smith

(Myanmar IT Academy)

Leave a Reply

Your email address will not be published. Required fields are marked *