Hello everybody ကျွန်တော် တို့ ဒီတစ်ပတ်တော့
Microsoft Server နဲ့ပတ်သက်တဲ့
Tutotrial လေး တစ်ခု သင်ပေးလိုက်ပါသည်။
ကျွန်တော်လဲအချိန်မရတာနဲ့ Tutorial မတင်ဖြစ်တာ
တစ်လလောက်ရှိတော့မယ်၊ ဒီနေ့နေ့ခင်းတော့
အချိန်ရတုန်းလေး Microsoft Server 2019 AD ကို
Domain Administrator login Password ကို
Reset ချတဲ့ Tutorial လေး သင်ပေးလိုက်ပါသည်။
ကျွန်တော်အရင် တင်ပေးဖူးတဲ့ Windows 10 ရဲ့
Login password ကို Command ဖြင့် Reset ချတဲ့
Tutorial ပုံစံမျိုးပါပဲ။ Microsoft Server Domain Base
တွေကို အကြောင်းအမျိုးမျိုးကြောင့် Domain Administrator
Password Reset ချချင်သူများအတွက် ဒီ Tutorial လေးကို
လေ့လာထားသင့်ပါသည်။ တစ်ခုသတိထားရမှာက ကျွန်တော်က
အခု Tutorial ထဲ့မှာ Microsoft Server 2019 ကို Hard Disk ကို
MBR မှာ os တင်ပြီး အသုံးပြုထားတာပါ။ အခုနည်းလမ်းက
Hard Disk တွေကို GPT အသုံးပြုပြီ OS တင်ထားတဲ့
Windows or Server တွေ မှာ အသုံးပြုလို့မရနိင်ပါ။
GPT or MBR စတာတွေကို မသိသေးသူများကတော့
ကျွန်တော်အရင် GPT , MBR အကြောင်းကို ရေးသားထားဖူးပါသည်။
နောက်တစ်ခု သတိထားရမှာလေး ကျွန်တော်ပြောပြပေးပါသည်။
Hard Disk ကို GPT အသုံးပြုပြီး OS တင်ထားသော
Microsoft Windows or Server တွေမှာ
Mini os or Linux Boot CD တွေနဲ့တက်ပြီး
Windows ရှိတဲ့ Partition ထဲ့မှာ System file တွေကိုဝင်ပြင်တာတို့
မပြုလုပ်သင့်ပါ။ မယုံသောသူများ လက်တွေ့ စမ်းကြည့်ပါ။
Bule Smile ပုံလေးတက်လာရင်တော့ မတတ်နိုင်ပါခင်ဗျာ။
အခုTutorial ကို Lab ပြန်စမ်းမည့်သူများအတွက်
လိုအပ်တာတွေကတော့ Microsoft Server 2019 ကို
Hard Disk ကို MBR ပေါ်မှာ OS တင်ထားပြီး
ပြန်စမ်းနိုင်ပါသည်။နောက်လိုအပ်တာတွေက
ကိုယ် Reset ချမည့် OS ရဲ့ Boot CD iso လိုအပ်ပါသည်။
နောက်ဆုံးတစ်ခုကတော့ Windows Command တွေကို
အခြေခံကောင်းကောင်းသိထားဖို့လိုအပ်ပါသည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။