Hello Everybody ကျွန်တော် ဒီနေ့နေ့ ခင်း အချိန်ရတုန်းလေး
Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။
ကျွန်တော်ဒီနေ့ Kerio Control Firewall Version အသစ်ဖြစ်တဲ့
9.3 Version ကို VMware Esxi 6.5 ပေါ်မှာ Installation ပြုလုပ်တဲ့
သင်ခန်းစာလေးကို သင်ပေးထားပါသည်။ Kerio Control ကတော့
လက်ရှိသုံးနေတဲ့ ရုံးတွေလဲ ရှိပါသည်။ Kerio Control Version
အနိမ့်တွေတုန်းက ကျွန်တော်တို့က Microsoft Server ပေါ်မှာ
တင်သုံးခဲ့တဲ့ပုံစံမျိုးပါ။ Microsoft ရဲ့ Firewall တွေဖြစ်တဲ့
ISA 2006, FTMG 2010 ပုံစံမျိုး လို အသုံးပြုရတာမျိုးဖြစ်ပါသည်။
Kerio Control က နောက်ပိုင်းမှာ OS ပေါ်မှာ တင်သုံးတဲ့ပုံစံမျိုး
မဟုတ်ပဲ OS ပုံစံမျိုးလဲထွက်ခဲ့တာဖြစ်ပါသည်။ ကျွန်တော်
အခု Tutorial ထဲ့ အသုံးပြုမယ့် Kerio Control 9.3 က
လေ OS image ဖြင့် Installation လုပ်ပြီမှ အသုံးပြုရမည့်
ပုံစံမျိုးဖြစ်ပါသည်။ ကျွန်တော် Kerio Control 9.3 ကို
VMware Esxi 6.5 ပေါ်မှာ VM တစ်ခု Create လုပ်ပြီ
Installation သင်ပေးထားပါသည်။ Firewall OS
Installation ပြုလုပ်ပြီချိန်တွင် လိုအပ်တဲ့
အခြေခံ config တွေဖြစ်တဲ့ Firewall ရဲ့
Interface တွေကို ip assign,NAT,DHCP
စတဲ့ အခြေခံ configတွေကိုသင်ပေးထားပါသည်။
Labပြန်စမ်းမည့်သူများ VMware Esxi မရှိလဲ
VMware Workstaion မှာပဲ ပြန်စမ်းနိင်ပါသည်။
VM ကို create လုပ်မည့် os type များကို
ကျွန်တော် Esxi မှာ ပြထားပေးသည့်အတိုင်း
ထားပေးဖို့လိုအပ်ပါသည်။ Kerio Control 9.3
Firewall image ကို Download လုပ်နိုင်အောင်
ကျွန်တော်တို့ YouTube Page က
သက်ဆိုင်ရာ Tutorial အောက်က Description မှာ ရော
Website မှာပါ ထည့်ပေးထားပါသည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။