Hello Everybody ကျွန်တော် ဒီနေ့နေ့လည် အချိန်ရတုန်းလေး
Tutorial အသစ် တစ်ခု တင်ပေးလိုက်ပါသည်။
ကျွန်တော်ဒီနေ့ Fortigate Firewall Version အသစ်ဖြစ်တဲ့
6.2.2 Version ကို VMware Esxi 6.5 ပေါ်မှာ Deploy ပြုလုပ်တဲ့
သင်ခန်းစာလေးကို သင်ပေးထားပါသည်။ Fortigate FW ကတော့
ကျွန်တော်တို့နိင်ငံမှာ အသုံးများတဲ့ Firewall ထဲ့မှာပါတဲ့ Brand
တစ်ခုဖြစ်ပါသည်။ ကျွန်တော်အရင် က VMware Esxi 6.5 ထဲ့ကို
Cisco CSR Router,Mikrotik CHR , အစရှိတဲ့ virtual appliance များကို
Deploy ပြုလုပ်တာ သင်ထားပေးထားပါသည်။
ကျွန်တော် ဒီ Tutorial ထဲ့မှာ Fortigate Firewall latest virtual appliance
များကို fortigate firewall ရဲ့ official website မှာ ဘယ်လို download
ပြုလုပ်ရသလဲဆိုတာ တွေကိုပါ ပြောပြပေးထားပါသည်။
ကျွန်တော်အရင်ကလဲ fortigate Firewall 5.4 Version ကို EVE-ng
ထဲ့ကို ထည့်သွင်းပုံတွေ fortigate Firewall ရဲ့ Basic configuration
တွေကိုလဲသင်ပေးထားပြီးသားပါ။ Labပြန်စမ်းမည့်သူများ
VMware Esxi မရှိလဲ VMware Workstaion မှာပဲ ပြန်စမ်းနိင်ပါသည်။
Fortigate Firewall ကို Lab ပြန်စမ်းမယ့်သူများကို
ကျွန်တော်ဒီမှာ ထပ်ပြီ သတိပေးလိုက်ပါသည်။ fortigate firewall ကို
အသုံးပြုမည့်ဆိုလျှင် မိမိ Lab စမ်းမည့် PC or Server ကို internet access
မပေးထားပဲ Offline အဖြစ် ခဏထားတာပါ။ မဟုတ်ရင်တော့
Lab စမ်းဖို့ အဆင်မပြေနိင်ပါ။ Fortigate Firewall ကို run ပြီ
လိုအပ်တဲ့ manage ip config တွေပြီးမှသာ Wan Interface ကို
Internet access ပေးပြီ Lab စမ်းနိင်ပါပြီ။
fortigate Trial license ကတော့ ထုံးစံအတိုင်း ၁၄ ရက် စမ်းနိင်ပါသည်။
ကျွန်တော်တို့ MITA က တင်ထားပေးတဲ့ Tutorial တွေကို
မလေ့လာခင် Website မှာ ရေးထားပေးတဲ့ သက်ဆိုင်ရာ
Tutorial ရဲ့ post မှာ လိုအပ်တာတွေ ဖတ်ပြီး မှ
လေ့လာမည်ဆိုလျှင် ပိုပြီး မြင်နိင်ပါသည်။
ကျွန်တော်ဆီ လာမေးတဲ့ Question တော်တော်များများက
ကျွန်တော်တို့ post တင်ကတည်းက ရှင်းပြထားပြီးသား
ဖြစ်နေတာများပါသည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Facebook Page or Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။
Zawgyi