Hello Everybody ကျွန်တော်ဒီနေ့ညနေတော့
TrueNAS ကို VMware Workstation မှာ install
လုပ်တဲ့ Tutorial လေးတစ်ခုတင်ပေးလိုက်ပါသည်။
ကျွန်တော် အရင် ကလဲ synology nas ကို
လေ့လာနိင်အောင် VMware Workstation မှာ
အသုံးပြုပြတဲ့ Tutorial တွေတင်ပေးဖူးပါသည်။
အခု TrueNAS Core ကတော့ open source
NAS တစ်ခုဖြစ်ပါသည်။ open source nas
လို့ပြောလိုက်ရင် လေ့လာဖူးတဲ့သူတွေ
တော်တော်များ freenas,openfiler စတာတွေ
လေ့လာဖူးကြမယ်လို့ထင်ပါသည်။
အခု TrueNAS က freenas ကနေ new
အနေနဲ့ထပ်ထွက်လာတဲ့ပုံစံမျိုးပါ။
အကယ်၍ freenas,openfiler တို့ကို
အခုမှစလေ့လာမယ့်သူများ လေ့လာနိင်အောင်
ကျွန်တော် open source nas site တွေကို
Tutorialထဲ့ ပြောပြပေးထားပါသည်။
Openfiler ကတော့ Web UI နဲ့
Management Design ကနည်းနည်း
Old model ဆန်တယ်လို့ပြောလို့ရတယ်ဗျာ၊
ဒါပေမယ့် openfiller ကိုကြိုက်တဲ့သူတွေကလဲ
တော်တော်များများ အသုံးပြုကြတဲ့သူတွေ
ရှိပါသည်။ open source တွေ ကတော့
ကျွန်တော် အမြင်ပြောရရင် သိသူဖော်စား၊
မသိသူကျော်သွားပေါ့ဗျာ။ 😀
အခု ကျွန်တော် ပြောပြမယ့် TrueNAS Core
က NAS နဲ့ ပတ်သက်တဲ့ Storage services
တွေ အပြင် Virtual Machine တွေ Create
လုပ်ပြီ virtualization Server တွေအတိုင်း
Hypervisor လိုအသုံးပြုနိင်တဲ့ Features တွေပါ
ပါပါသည်။ကျွန်တော် Centos 8.0 စထွက်တုန်းက
Linux base kvm တွေ သုံးပြသလိုမျိုးပေါ့ဗျာ၊
TrueNAS Core ကတော့ NAS ကော၊
Hypervisor လိုပါအသုံးပြုလို့ရပါသည်။
TrueNAS ကိုကျွန်တော်စမ်းသုံးရင်း
တစ်ခြားသူတွေပါ ပြန်လေ့လာနိင်အောင်
လမ်းညွန်ပေးလိုက်ပါသည်။
TrueNAS Core ကို သူ website မှာ
Download ဆွဲပုံတွေလဲ Tutorial
ထဲ့ပြောပြပေးထားပါသည်။
စမ်းချင်သောသူများ
ကျွန်တော် အခုပြောပြတာလေးတွေဖတ်ပြီ
Tutorial ကြည့်ပြီ ဆက် Try ကြည့်လိုက်ဗျာ။
ကျွန်တော်အခု
တစ်လော Telegram သုံးနေလို့
ကျွန်တော်တို့ MyanmarITAcademy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

TrueNAS Core Download Link

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

TrueNAS Core Installation on VMware Workstation Pro 16.0 Tutorial

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *