Hello Everybody ကျွန်တော်ဒီနေ့ညနေတော့
Mac OS Big Sur 11.0 ကို VMware Workstation
မှာ run တဲ့ Tutorial လေးကိုတင်ပေးလိုက်ပါသည်။
Mac OS တွေကို ကျွန်တော်
2017 လောက်ကတည်းက
Snow Leopard ကို Virtual Box မှာ
Os installation လုပ်တာလေးတွေ
တင်ပေးဖူးပါသည်။အရင် Tutorial
အဟောင်းတွေကတော့ အသံဖိုင်
မပါတဲ့ Tutorial လေးတွေဖြစ်ဖို့များတယ်ဗျာ။
Mac OS Mojave ကိုတော့ VMware Workstation
ပေါ်မှာ OS installation ပြုလုပ်တဲ့
သင်ခန်းစာလေးကို ပြီးခဲ့နှစ်တုန်းက
တင်ပေးဖူးပါသည်။ Mac OS တွေကို
VMware Workstation ပေါ်မှာ
အသုံးပြုဖို့အတွက် Mac OS VM unlocker
တွေ အရင်လုပ်ပေးရမှာဖြစ်ပါသည်။
အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြီးခဲ့တဲ့
နှစ်က Mojave ကို VM မှာ run ပြတုန်းက
ပြောပြပေးထားပါသည်။ အခုမှ VMware Workstation
ပေါ်မှာ Mac OS run မယ့်သူများကတော့
အရင်တင်ပေးထားတဲ့ Mojave os installation
Tutorial မှာ ပြန်လေ့လာကြည့်ပါ။
အခု Big sur ကတော့ OS အစအဆုံး
တင်စရာမလိုပဲ Export ထုတ်ထားတဲ့
Vmdk file ဖြစ်တဲ့အတွက် တန်းပြီ
Input ထည့်ပြီ အသုံးပြုလို့ရမှာဖြစ်ပါသည်။
Big Sur vmdk file က 16GB လောက်ရှိပါသည်။
ကျွန်တော်ရှာပြီ Download လုပ်တာက
Torrent ကပဲတွေ့တဲ့အတွက် ပြန်ပြီ
Download လုပ်ချင်သူများအတွက်
Torrent က file ပဲပြန် share ပေးလိုက်ပါသည်။
Torrent က ရင်းနှီးသောသူတွေအတွက်ကတော့
သိပ်ပြောစရာမလိုဘူးထင်တယ်ဗျာ။
ကျွန်တော်တို့က နောက်ပိုင်း Website တွေမှာ
Crack,Torrent,Ebook ကိစ္စတွေ သိတ်မတင်ပေ:
ဖြစ်တော့ဘူးဗျာ။ အဓိကတော့ copy right နဲ့
ပတ်သက်ပြီးတော့ ညှိတဲ့ ကိစ္စတွေကို
ကျွန်တော်တို့ Website,Page တွေမှာကို
တင်ပေးဖို့အဆင်မပြေတော့လို့ပါ။
Torrent ကနေ အခုမှာ စပြီ download
လုပ်မယ့်သူများ how to download
From trorrent ဆိုပြီ နည်းနည်းရှာပြီ
Try ကြည့်လိုက်ပါဗျာ။ VM ကို
Run ပြီးသွားရင် Mac OS Big sur
အတွက် login pwd ကို Tutorial
ထဲ့မှာ လဲပြောပြထားသလို website မှာပါ
ဖော်ပြပေးထားပါသည်။
Big Sur ကို VM မှာ run ဖို့အတွက်
လိုအပ်တဲ့ system requirement တွေကိုလဲ
Tutorial ထဲ့ပြောပြပေးထားပါသည်။
Mac OS တွေ အစစ်မရှိပဲ Mac OS
ပေါ်မှာ Apple နဲ့ပတ်သက်ပြီ
စမ်းချင်သောသူများအတွက်တော့
ဒီလို VMလေးတွေရှိတာ
တော်တော်လေး အဆင်ပြေပါသည်။
ကျွန်တော် အခုပြောပြတာလေးတွေဖတ်ပြီ
Tutorial ကြည့်ပြီ ဆက် Try ကြည့်လိုက်ဗျာ။
ကျွန်တော်အခု
တစ်လော Telegram သုံးနေလို့
ကျွန်တော်တို့ MyanmarITAcademy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

Mac OS Big Sur 11.0 run on VMware Workstation Pro 16.0

 

Big Sur VM Username & pwd

User Name -Sysprobs

Password -sysprobs123

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

Mac OS Big Sur OS Image Download

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *