Hello Everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ နေ့ခင်းကတော့
ကျွန်တာ်တို့ Myanmar IT Academy
YouTube Channel မှာ tutorial
တွေ ပညာဒါန အနေနဲ့ မျှဝေပေးသွားမယ့်
သူက ကျွန်တော်ပြီးခဲ့တဲ့ အပတ်က
မိတ်ဆက်ပေးထားတဲ့ 😀 😀
မင်းသား အသစ် ညီလေးရဲထက်ကျော်ရဲ့
Tutorial တစ်ခုကိုစပြီ တင်ပေးလိုက်ပါသည်။
ကျွန်တော်Cisco နဲ့ပတ်သက်ပြီးတော့
ပြီးခဲ့တဲ့နှစ်တွေက CSR Router ,Cisco ASA
စတဲ့ lab တွေ တော်တော်များများ တင်ထားပေးဖူးပါသည်။
အခု ညီလေး ရဲထက်ကျော်က cisco static route
နဲ့ပတ်သက်ပြီ တစ်ခုချင်းဆီ lab လုပ်ရင်း
ပြန်ရှင်းပြပေးထားပါသည်။ routing တွေ လေ့လာ
မယ်ဆို static route ကတော့ သေချာကို
လေ့လာထားရမယ့်အရာပဲဗျာ။ static route က
အခုနောက်ပိုင်း Cloud လေ့လာလို့
Public Cloud ပေါ်မှာ ဖြစ်ဖြစ်
Private Cloud ပေါ်မှာ ဖြစ်ဖြစ်
ကိုယ်ရုံးက FW,Router တိုင်းလိုလိုမှာ
အမြဲသုံးနေရတဲ့ route တစ်ခုဆိုရင်
မမှားဘူးဗျာ။ အောက်မှာ ညီလေး
ရဲထက်ကျော် ဆက်ပြီရှင်းပြထားလေ
ဖတ်ပြီ Tutorial ကို လေ့လာနိင်ပါသည်။
ကျနော်ဒီနေ့တော့ Static Route နဲ့
ပတ်သက်ပီးတော့ ကျနော်ပြောပြပေးချင်ပါတယ်။
ယျေဘုယျအားဖြင့်တော့ Static Route ရေးတဲ့အခါမှာ
လွယ်လွယ်ကူကူရေးတတ်ကြပေမယ့်
တကယ့်တကယ် ပြဿနာကြုံလာကြတဲ့အခါ
ဘယ်လိုကြောင့်မို့လို့ ပြဿနာတွေဖြစ်လာကြလည်း,
တစ်ချို့သောဂရုမစိုက်မှုလေးတွေက
Network Unstable ဖြစ်စေသလဲဆိုတာလေးတွေကို
သိစေချင်တဲ့ အနေနဲ့ ဒီ video လေးကို
လုပ်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ..
ဒီ Video ကိုကြည့်ချင်းအားဖြင့်
ဘာတွေရလာနိုင်မလဲဆိုတော့ Static Route ရေးတဲ့အခါ
နည်းလမ်းဘယ် နှခုရှိလဲ, ရှိနေတဲ့
နည်းလမ်းတွေမှာရော ဘယ်လိုမျိုးရေးကြည့်ချင်းက
ပိုပီး Specific ဖြစ်စေသလဲ,
နည်းလမ်းတစ်ခုချင်းစီရဲ့ အားနည်းချက်,
အားသာချက် စတဲ့သဘောတရားလေးတွေနဲ့
Troubleshooting part မှာ ပိုပီးစဥ်းစား
တွေးခေါ်နိုင်လာမယ်လို့ ထင်မြင်ပါတယ်ခင်ဗျာ ….
သီအိုရီဆိုတာကတော့ ဆရာတွေ
သင်ကြားပြသပေးကြတာအတူတူပါပဲ…
ဒီ Range ထဲမှာပဲပြောကြရတာ ဆိုတော့…..
ကျနော်လည်း ဆရာတွေ Sharing လုပ်ပေးကြတဲ့ သီအိုရီတွေ ,
ဖတ်ခဲ့ဘူးတဲ့စာအုပ်တွေကို အခြေခံပီးတော့
ပြောပြထားတာဆိုတော့ လိုအပ်ချက်တွေရှိမယ်ဆိုရင်
သင်ကြားပြသကြတဲ့ဆရာတွေနဲ့ မဆိုင်ပဲ
ကျနော့လိုအပ်ချက်သာဖြစ်ပါတယ်ခင်ဗျာ….
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…
ကျွန်တော်အခုတစ်လော
Telegram သုံးနေလို့
ကျွန်တော်တို့ Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

3 Methods of Static Route Tutorial

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *