Hello Everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ နေ့ခင်းကတော့
Palo Alto Firewall နဲ့ပတ်သက်တဲ့
သင်ခန်းစာလေးတစ်ခုတင်ပေးလိုက်ပါသည်။
ကျွန်တော် 2018 လောက်ကတည်းက
Palo Alto 7.0 ကို EVE-ng ထဲ့ပြီ
Run ပြထားတဲ့သင်ခန်းစာလေး
တင်ပေးဖူးပါသည်။ တစ်ချို့ Lab တွေက
ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့်
Record ဆက်မလုပ်ဖြစ်တာပါတယ်ဗျာ။
အခု PA 10.1.0 လေးကို စမ်းသုံးရင်း
ဒီကာလမှာ ဒီအတိုင်း မနေပဲ လေ့လာနိင်အောင်
ကျွန်တော် တင်ပေးလိုက်တာပါ။ Palo Alto က
တော့ UI တွေ ပြောင်းလာပေမယ့် အရင်
7.0 လောက်လေ့လာဖူးမယ်ဆို အခု 10.1.0 ကလဲ
အခြေခံတွေက တူတူပဲပါပဲဗျာ။ ကျွန်တော်က
Palo Alto 10.1.0 ကို VMware Esxi ထဲ့မှာ
Run ပြထားပေမယ့် သီးသန့် Home Lab server
မထိုင်ထားတဲ့သူတွေကတော့ VMware Workstation
ပေါ်မှာ Deploy လုပ်ပြီ ပြန်စမ်းပေါ့ဗျာ။
ကျွန်တော် ဒီ Record ထဲ့မှာ Palo Alto ကို
Exsi ထဲ့ deploy လုပ်နေတုန်း
VMware Esxi ဆိုတာဘာလဲ
VMware Workstationဆိုတာ ဘာလဲ
Hypersivor ဆိုတာဘာလဲ
အခုထိ မသိသေးတဲ့သူများအတွက်
hypervisor တွေ မှာ VMware Esxi နဲ့ VMware Workstation
ကွာခြားချက်အကြောင်းကို ပြောပြထားပါသည်။
virtualization server တွေ သုံးနေတဲ့သူတွေကတော့
VMware Esxi, VMware Workstation ဆိုတာတော့
သိပြီးသားပဲနေမှာပါ။ PA ကို Esxi ထဲ့ run ပြီးရင်
Web Management ကနေ Interface တွေကို
IP Assign ပေးတာတွေ, Firewall ထဲ့မှာ
Zone တွေ သတ်မှတ်တာတွေ၊
Default Route, Interface Management ကို
လိုအပ်တဲ့ Profile ဆောက်တာတွေ
သင်ပေးထားပါသည်။
ဒီLab လေးသေချာကြည့်ပြီ
ပြန်စမ်းထားကြဗျာ၊ကျွန်တော်
နောက် တစ်ပတ်ခြားလောက်မှာ
NAT Rule, Security Policy Rule,
Address Create လုပ်တာတွေ
ဆက်သင်ပေးသွားပါမည်။
အခု lab ထဲ့မှာ အသုံးပြုတဲ့
PA 10.1.0 ova ကိုလဲ
ကျွန်တော် Terabox ကနေပဲ
တင်ထားပေးပါမည်။
EVE-ng ထဲ့မှာ ထည့်သွင်း
အသုံးပြုချင်တဲ့သူတွေကတော့
ကျွန်တော် မှာ အခု 10.1.0
Qemu image မရှိသေးပေမယ့်
PA 9.0 Qemu image ကိုပဲ
ကျွန်တော် တင်ပေးလိုက်ပါသည်။
အခုpost တင်တဲ့ post မှာ
Download link တွေ တစ်ခါထဲ့
ထည့်ပေးထားပါမည်။
PA 10.1.0 ova file ကော
တစ်ခုကို 3GB လောက် File size
ရှိပါသည်။ ကျွန်တော် 1GB ဆို
Winrar နဲ့ ခွဲပြီတင်ထားပေးပါသည်။
မိမိ PC မှာ winrar5.50 version
ရှိမှသာ extract လုပ်လို့ရမှာပါ။
Winrar file မှာ ကျွန်တော်
Password ပေးထားပါသည်။
Password ကိုကျွန်တော်
Website မှာဖော်ပြပေးထားပါမည်။
Tera Box ကDownload လုပ်လျင်
Tera Box accountရှိမှသာ
download လုပ်လို့ရမည်ဖြစ်ပါသည်။
Tera Box က register မလုပ်ရသေးလဲ
မိမိမှာ Gmail ရှိလျင် Gmail နဲ့ တန်း
Login ဝင်ပြီ register လုပ်ပြီ
Download လုပ်နိင်ပါသည်။
အမျိုးတွေ အားလုံး ကျန်းမာရေး
အထူးဂရုစိုက်ကြပါခင်ဗျာ။
ကျွန်တော်အခု
တစ်လော Telegram သုံးနေလို့
ကျွန်တော်တို့ Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

Palo Alto 10.1.0 Deploy on VMware Esxi 6.5 Tutorial

 

Palo Alto 10.1.0 ova file download

 

Palo Alto 10.1.0 ova file WinRAR Password- mitapa10 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

Palo Alto 9.0 qemu image download

 

 

Palo Alto 10.1.0 ova file WinRAR Password- mitapa9

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *