Hello Everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ ညနေတော့
Palo Alto Firewall နဲ့ပတ်သက်တဲ့
သင်ခန်းစာလေးတစ်ခုထပ်တင်ပေးလိုက်ပါသည်။
ကျွန်တော်ပြီးခဲ့တဲ့ အပတ်က PA 10.1.0 ကို
VMware Esxi ထဲ့မှာ run ပြီ လိုအပ်တဲ့
Interface ip assign, security zone တွေ
ဆောက်တာတွေ သင်ပေးထားပါသည်။
ဒီနေ့ တင်ပေးတဲ့ Lab ကို စမ်းချင်ရင်
ရှေ့အပတ်က တင်တဲ့ Lab ကိုပါ
အရင် လေ့လာထားပြီးမှ ဆက်စမ်းလို့
အဆင်ပြေမှာပါ။ ကျွန်တော်က
အခု lab ထဲ့မှာ PA Firewall ထဲ့
Tags တွေ create လုပ်တာ
Address တွေ Create လုပ်ပြီ
NAT Rule ရေးပြထားပါသည်။
NAT Rule ရေးပြီ NAT ကို
Allow ပေးဖို့အတွက် Firewall ကနေ
Security Rule ထပ်ပြီ ရေးသားပုံပါ
တစ်ဆင့်ချင်းပြီ ပြထားပေးပါသည်။
ကျွန်တော် အခုတင်ပေးထားတဲ့
Lab တွေက လုပ်ငန်းခွင်ထဲ့
ရောက်နေတဲ့ Firewall အခြေခံ
လေ့လာထားဖူးတဲ့သူတွေ မှ
လေ့လာလို့ အဆင်ပြေနိင်မှာပါ။
PA Firewall က Rule တွေကို
စနစ်တကျ တစ်ဆင့်ချင်းဆီ
သွားတဲ့ အတွက် ရုတ်တရက်
ကြည့်လိုက်ရင် အဆင့်များသလို
ထင်ရပေမယ့်သေချာ လေ့လာပြီ
သွားရင် သိတ်ရူပ်စရာမရှိတော့ပါဘူးဗျာ။
အိုကေ ဒီကာလမှာ PA 10.1.0 Firewall
ကိုလေ့လာချင်သူများအတွက်
သေချာကြည့်ပြီ Lab ပြန်စမ်းကြပေါ့ဗျာ။
ကျွန်တော်တို့ Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

Palo Alto 10.1.0 NAT & DHCP Lab Tutorial

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *