Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ ညနေတော့
ညီလေး ရဲထက်ကျော်ရဲ့ MPLS Tutorial လေး
တင်ထားတာကို post တင်ပေးလိုက်ပါသည်။
Tutorial က ပြီးခဲ့တဲ့ အပတ် sept 7 ရက်နေ့
ကတည်းက You Tube မှာ တင်ထားပြီသားပါ။
ကျွန်တော်တို့ channel က Tutorial အသစ်
တင်တိုင်း subscribe လုပ်ထားတဲ့သူကတော့
ကြည့်ပြီလောက်ပြီထင်ပါသည်။
အောက်မှာ ညီလေး ရဲထက်ကျော်
ရှင်းပြထားတာလေးဖတ်ပြီ
Tutorial လေးကို လေ့လာနိင်ပါသည်။
အခုတင်ပေးလိုက်တဲ့ Video လေးကိုတော့
MPLS Part(1) လိုပေးထားပါတယ်ခင်ဗျ။
တကယ်တော့ MPLS ကို အချိန်လေး
နည်းနည်းပေးပီးလေ့လာဖိုက ခက်ခဲပါတယ်။
ဒီ Part (1) မှာဘာတွေကို အဓိကထားပြောထားလဲဆိုတော့
သီအိုရီပိုင်းနဲ့ နောက်ပိုင်းလေးမှာ
Implementation လေးကိုလုပ်ပြထားပါတယ်။
MPLS Core Network ကိုဘယ်လိုဆောက်ရလဲဆိုတာပေါ့။
ဒီ Video လေးထဲမှာ ကျနော် ဘယ်လိုရှုထောင့်တွေကနေ
ပြောပြထားလဲဆိုတော့ ISP Point of view,
Implementation Point of view,
Customer Point of view ဆိုပီးတော့
အပိုင်း(၃) ပိုင်းကနေ မြင်ရမှာဖြစ်ပါတယ်။
ဘာကိုရည်ရွယ်ပီး ဒီ Video လေးကိုလုပ်ဖြစ်လဲဆိုတော့
MPLS ကိုများသောအားဖြင့် ISP Network ကြီးတွေမှာ
အဓိကထားပီး အသုံးပြုကြပါတယ်။
ISP Network မှာဆိုရင်တောင် Core ပိုင်းမှာ လုပ်ရတဲ့
Engineer တွေလောက်သာ ထိတွေ့ကြရတာဖြစ်ပါတယ်။
အဲ့တော့ Network Engineer တွေအနေနဲ့ MPLS နဲ့
ထိတွေ့မှုနည်းကြတယ်လို ပြောလိုရပါတယ်။
MPLS Network ကိုကိုင်မယ့် Engineer ကလည်း
Technical Knowledge အနည်းအကျဥ်းရှိယုံနဲ့
Control လုပ်ဖို ခက််ခဲပါတယ်။
BGP, QoS, Traffic Engineering စတာတွေကို သိဖိုလိုအပ်ပါတယ်။
ဒီ Video လေးကိုကြည့်ခြင်းအားဖြင့်
MPLS ရဲ့ တစ်စိတ်တစ်ဒေသကို ရမယ်လို
မျှော်လင့်ချက်နဲ့ တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
သင်ဆရာ, မြင်ဆရာတွေရဲ့ အာဘော်ကို
အခြေခံပီး ပြောထားတာဖြစ်လို
အမှားပါတယ်ဆိုရင် ကျနော်ရဲ့
လိုအပ်ချက်တာဖြစ်ပါတယ်ခင်ဗျာ ………
ကျွန်တော်တို့ Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
နောက်ပိုင်း Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါ တင်ပေးသွားပါမည်။
Tutorial ကို You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

Multi Protocol Label Switching (MPLS) Tutorial (Part-1)

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *