Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော် ဒီနေ့ညနေတော့
ကြက်တူရွေး OS ကို VMware Esxi
ထဲ့မှာ install လုပ်တဲ့ သင်ခန်းစာ
လေးကို တင်ပေးလိုက်ပါသည်။
ကျွန်တော်က Exsi ‌ပေါ်မှာ
OS တင်ပြထားပေမယ့်
ပြန်စမ်းမယ့်သူတွေက
VBox or VMware Workstation
မိမိ နှစ်သက်ရာပေါ်မှာ ပြန်
တင်ပြီ စမ်းနိင်ပါသည်။
ကျွန်တော်ဒီ Tutorial လေးကို
2019 တုန်းက PC Hardware
အတန်းမှာ Linux OS တွေ
Install လုပ်တာတွေ
သင်ရင်း နဲ့Record လုပ်
ဖြစ်ထားတဲ့ သင်ခန်းစာလေးပါ။
Cyber Security, Developer ,
System Administrator တွေ
အနေနဲ့ ဒီ OS လေးကို
စမ်းသုံးကြည့်စေချင်ပါသည်။
လက်ရှိမှာ CEH Exam တွေ
ဖြေမယ်ဆိုရင်လဲ ဒီ OS ပေါ်ကနေ
ဖြေနေရပါသည်။ ကျွန်တော် က
ဒီ Tutorial ထဲ့မှာ Parrot 4.5
ကို OS install လုပ်ပြထားပါ။
လက်ရှိမှာ Parrot 5.0 ထွက်နေပြီ
ဖြစ်ပါသည်။ တော်တော်များများက
Security နဲ့ပတ်သက်ရင်
Kali ကို ပဲကိုပဲသုံးကြတာများပါသည်။
Parrot က Home ,Developer,
Security စတဲ့ Version အသီးသီး
ထုတ်ထားပေးပါသည်။ ဒီ Tutorial
ထဲ့မှာ Parrot OS တင်ရင်း
Linux os တွေ install လုပ်ရင်
Legacy BIOS မှာ install လုပ်ရင်
Partition Table အနေအထားနဲ့
UEFI BIOS တွေမှာ install လုပ်ရင်
Partition Table အနေအထား
တွေ အပြောင်းအလဲရှိတာတွေကို
သေချာ ရှင်းပြထားပါသည်။
ကျွန်တော်အရင်ကလဲ
Fedora,Ubuntu,Centos,Redhat,
Mint, suse, Raspberry Pi’ OS စတဲ့
Linux os တော်တော်များများ စမ်းသုံးရင်
Record တွေကို You Tube မှာ ပြန်တင်ပေးထားပါသည်။
တစ်ချို့ Tutorial အဟောင်းတွေက
အရင်တုန်းက အသံဖမ်းရတာ
အဆင်မပြေလို့ အသံမပါတာတွေရှိပါသည်။
တစ်ချို့ကလဲ ပြောသေးတယ်ဗျ
ဒီဆရာက အသံမပါတာတင်တယ်ဆိုပဲ 😀
ကျွန်တော်တို့ တစ်ခုတစ်ခု လေ့လာနေတဲ့
အချိန်တွေက ပတ်ဝန်းကျင်
အခြေအနေ အဆင်မပြေတော့
အသံမပါတဲ့ record တွေ အများကြီးရှိပါသည်။
အဲဒါတွေကြောင့်အသံမပါတာကို
သိစေချင်ပါသည်။
အခုနောက်ပိုင်းတော့ အဲလို Record တွေကို
လုံး၀ ကိုမတင်ပေးဖြစ်တော့ပါ။
အချိန်ယူပြီ သေချာ record လုပ်ပြီမှပဲ
ပြန်တင်ပေးဖြစ်တော့သည်။
ကျွန်တော်တင်ပေးတဲ့Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့
Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါPost တင်ပေးဖြစ်ပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

Parrot 4.5 OS installation on VMware Esxi 6.5 Video Tutorial

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *