Hello Everybody
ကျွန်တော် ဒီနေ့တော့ Ubuntu ပေါ် မှာ
Boot Stick လုပ်တဲ့ သင်ခန်းစာလေးကို
သင်ပေးလိုက်ပါသည်။
ဆရာ Linux ပေါ် မှာ Boost Stick
လုပ်ရင် ဘယ် Tools လေးကောင်းသလဲဆိုပြီ
အရင်ကလဲ ကျွန်တော် ကို
ခဏခဏ လာမေးကြတဲ့ ကိစ္စပါ
ဟိုရက် ကမနက်စောစော အိပ်ယာနိုးတုန်း
ဒီသင်ခန်းစာလေးကို Record လုပ်ပေးလိုက်ပါသည်။
Ubuntu ပေါ် မှာ Boot Stick လုပ်မယ်ဆိုရင်
ubuntu ပေါ် ထဲ့မှာ Buit in ပါပြီ သား
Startup Disk Creator သုံးမယ်ဆိုရင်လဲ
အဆင်ပြေပါသည်။ ကျွန်တော် အခု သုံးပြထားတဲ့
Tools ကတော့ Fedora Media Writer
ဆိုတဲ့ App ပါ၊ ဒီ Tools လေးက
Microsoft မှာဆိုရင် Windows Media Creater
Tools လိုမျိုးပါပဲ Fedora OS Image တွေကို
လဲ အဲဒီ Tools လေးပေါ် ကနေ တိုက်ရိုက် Download
လုပ်လို့ရလို Boost Stick လဲ ပြုလုပ်လို့ရပါသည်။
နောက်တစ်ခု ထူးခြားတာက Fedora Media Writer
App က Linux base သီးသန့်မဟုတ်ပဲ
Microsoft,Mac OS တွေ အတွက်ပါ
ထုတ်ထားပေးပါသည်။ ကျွန်တော် ဒီ Tutorial
ထဲ့မှာ Microsoft Windows ပေါ် မှာ
ဘယ်လိုသုံးရတာလဲ အကြမ်းမျဥ်းပြောပြပေးထားပြီ
Ubuntu ပေါ် မှာ Fedora Media Writer
ကို Install ပြုလုပ်တာပြထားပြီ
Centos Mini Core OS ISO Image
လေးတစ်ခုကို Boot Stick လုပ်တာလေး
သင်ပေးထားပါသည်။ Fedora Media Writer
ကို စမ်းသုံးချင်သောသူများအတွက်
Website ထဲ့မှာ Fedora Media Writer
App ရဲ့ Official Website Link ကို
ပါ ထည့်ပေးထားပါသည်။
ကျွန်တော်တင်ပေးတဲ့Tutorial ကို
You Tube ကနေ ကြည့်နိုင်သလို
ကျွန်တော်တို့ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့
Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါPost တင်ပေးဖြစ်ပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

Using Fedora Media Writer Video Tutorial

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *