Hello everybody မင်္ဂလာပါခင်ဗျာ။
ကျွန်တော်ဒီနေ့ညတော့
Fake core i7 laptop တစ်လုံးကို
စစ်ဆေးတဲ့ Record လေး တင်ပေးလိုက်ပါသည်။
ဒီလိုမျိူး Laptop ကို ကျွန်တော်တို့
လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကတည်းက
၁လုံး၊၂လုံးလောက်တွေ့ဖူးပါသည်။
အဲဒီ Laptop တွေက Desktop PC
System တွေနဲ့ ယှဉ် ပြီပြောပြရရင်
478,775 Motherboard တွေခေတ်က
Celeron CPU ၊ RAM 1GB ၊2GB
လောက်ပဲ ရှိတဲ့ အမျိုး အစားတွေပါ။
အဲလို Laptop အဟောင်းတွေကို
Laptop body ပေါ်မှာ i7 1Gen,
RAM 4GB, Nvidia Graphic
ပါ ပါတယ်ဆိုပြီ Sticker တွေ
ကို သေချာကပ် ထားပြီ
Laptop System ကို
Fake Information တွေ ဖော်ပြထားတာမျိုးပါ။
ကျွန်တော် လွန်ခဲ့တဲ့ ၆နှစ်လောက်တုန်းက
အခုလို ပုံစံတူ Laptop ကို သူငယ်ချင်း
တစ်ယောက်လာပြလို့ စစ်ဆေးတုန်းကဆို
BIOS ကို Password ခံထားပြီ။
Windows ပေါ်မှာ လဲ System Info
ကို စနစ်တကျ Fake Info တွေ
ပြင်ထားပါသည်။
Windows Registry ကို အသုံးပြုပြီတော့
PC ရဲ့ System Info ကို ပြုပြင်လို့ရပေမယ့်
ကျွန်တော် သေချာလေ့လာကြည့်တာတော့
ဒီ Laptop တွေကို က Windows Registry
မှာ ပြင်ထားတာထက်ကို
တော်တော်လေးကို သပ်ရပ်ပါသည်။
PC System Info အမှန်ကို အရိုးရှင်းဆုံး
စစ်ဆေးမယ့်ဆို BIOS ထဲ့ကနေ
ဝင်ကြည့်မယ်ဆို PC System info
အမှန်ကို အေးဆေးကြည့်လို့ရပါသည်။
Windows ပေါ်ကနေ
PC System Info အမှန်ကို စစ်ဆေးမယ်ဆို
CPUZ ဆိုတဲ့ Application က
အကောင်းဆုံးပါ။ နောက်ပိုင်းပေါ်တဲ့
PC System Information Application
တွေကPC မှာ ရှိတဲ့ Hardware အစိတ်အပိုင်းတွေကို
Scan ဖတ်ပြီ ဖော်ပြပေးတာမဟုတ်တဲ့အတွက်
Windows Registry ကနေ ယာယီပြင်လိုက်တာနဲ့
အမှန်ကိုသိရတော့မှမဟုတ်ပါ။
CPUZ ကတော့ Windows System Info တွေကို
Windows ပေါ်က Default System Info တွေ
ဆီကနေ ဖော်ပြတာမျိုးမဟုတ်ပဲ ။
PC မှာတတ်ထားတဲ့ Hardware တွေကို
Scan ဖတ်ပြီးမှ ဖော်ပြပေးတာအတွက်
PC ရဲ့ System Info အမှန်ကို မြင်ရမှာပါ။
ကျွန်တော် ခုနကပြောပြတဲ့ လွန်ခဲ့တဲ့
၆နှစ်က ပုံစံတူ Laptop က
Windows ပေါ်မှာ လဲ Fake info
တွေကို အသေပြင်ထားပြီ
အဲဒီ Windows ပေါ်မှာ
Application တွေ installation
မလုပ်နိင်အောင်လဲ
Windows ပေါ်မှာ User Level
Account ပဲ ပေးသုံးထားပါသည်။
ကျွန်တော် အဲဒီစက်ကို အချိန်ပေးပြီ
BIOS Password ဖြည်ပြီ၊
BIOS ထဲ့ဝင်ကြည့်မှ PC ရဲ့
System Info အမှန်မြင်ရပြီ
Windows ပေါ်ကနေလဲ
စစ်ဆေးချင်တဲ့အတွက်
Admin Level Account ကို
Enable လုပ်ပြီ CPUZ Application
ကို Installation လုပ်ပြီ ကြည့်တော့မှ
PC System Info အမှန်ကို
မြင်ရပါသည်။ Intel Celeron CPU ကို
Core i7 ဆိုပြီ ပြင်ထားတာ ဖြစ်ပါသည်။
အခုနောက်ပိုင်းတော့ အခုလို
Laptop အတု တွေနည်းလာပါပြီ။
PC Hardware နဲ့ပတ်သက်ပြီ
စိတ်ဝင်စားသည့် မိတ်ဆွေများအတွက်
လေ့လာထားနိင်အောင် အခု သင်ခန်းစာ
လေးတင်ပေးရင်း၊ PC System တွေကို
ဘယ်လို မှန်မှန်ကန်ကန် စစ်ဆေးလို့ရသလဲ
ဆိုတာ ပြောပြပေးလိုက်ပါသည်။
ကျွန်တော်တင်ပေးတဲ့Tutorial ကို
Facebook Page မှာလဲ တင်ထားပေးပြီ
You Tube ၊ Website ကနေပါ
လေ့လာနိုင်အောင် တင်ထားပေးပါသည်။
ကျွန်တော်တို့
Myanmar IT Academy ရဲ့
Telegram channel လေးဖွင့်ထားပါသည်။
website မှာ link ပေးထားပါသည်။
Tutorial အသစ်တစ်ခုတင်တိုင်း
Telegram မှာပါPost တင်ပေးဖြစ်ပါသည်။
ကျွန်တော်တို့ လမ်းညွှန်ပေးတဲ့ Video Tutorial တွေ လေ့လာပြီး
ကောင်းကောင်းအသုံးချနိုင်ရင် ကျေနပ်ပါပြီဗျာ။

 

 

 

 

Examining a fake core i7 laptop

 

 

Join Our Telegram Channel to Easily Visiting our Site Here

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *